
■ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှာ ထိခိုက်ပျက်စီးမှုအများဆုံးမြို့တစ်မြို့တွင် အပါအဝင်ဖြစ်သည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး မန္တလေးမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် တောင်ငူမြို့ Save The Trees အသင်းမှ ကိုကျော်သူရထံ ဆက်သွယ်မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ။ အစ်ကိုတို့ လက်ရှိလုပ်ကိုင်နေရတဲ့ အခြေအနေမှာ အခက်အခဲတွေပြောပြပေးပါ ဦး။
ဖြေ။ ။ အခုလောလောဆယ်ကတော့ ငလျင် ကြောင့် တိုက်တွေကပြိုကျကုန်တော့ အောက် မှာရှိတဲ့သူတွေကို ကယ်ဆယ်နေရတယ်။ တချို့နေရာတွေကျတော့ တိုက်တွေကိုဖြိုချဖို့ အတွက် စက်တွေဝင်ဖို့ လမ်းတွေက ကျဉ်းတာ တွေလည်းရှိတယ်။ အဆောက်အဦးတစ်ခုကို ဖြိုဖို့အတွက်ကို စက်တွေက လက်လှမ်းမမှီတာ တွေရှိတယ်။ လက်လှမ်းမီတဲ့စက်တွေကို ခေါ် မယ်ဆိုရင်လည်း လမ်းနဲ့မလွတ်တာတွေရှိ တယ်။ ပြီးတော့ ကယ်ဆယ်ရေးပဲဖြစ်ဖြစ်၊ DB ကို ထုတ်ဖို့ပဲဖြစ်ဖြစ် လိုအပ်တဲ့ကိရိယာတွေရှိ တယ်။ ကျွန်တော်တို့တောင် တချို့အခေါ်အ ဝေါ်တွေကို သိပ်နားမလည်ဘူး။ သူ့နေရာနဲ့ သူ လိုအပ်တဲ့ပစ္စည်းကိရိယာတွေရှိတယ်။ ဟိုက်ဒရောလစ် Cutter တွေ၊ ဂန်းတွေမလုံ လောက်ဘူး။ လက်ရှိမှာ လိုအပ်ချက်နဲ့မမျှတာ တွေရှိတယ်။ လူအင်အားက ရှိတယ်။ တခြား မြေပြင်တွေမှာ ကြုံတွေ့ရတဲ့အခက်အခဲပြသာ နာကတော့ အများကြီးရှိတာပေါ့။
မေး။ ။ နောက်ဆက်တွဲငလျင်တွေကလည်း ခဏခဏလှုပ်နေတော့ အဲ့ဒီဟာတွေကလည်း အကိုတို့အတွက် စိန်ခေါ်မှုတွေရှိနေလား။
ဖြေ။ ။ အဓိကပြသာနာက အဲ့ဒါပဲ။ ငလျင် ကြောင့် တိုက်တွေတော်တော်များများကပြိုကျ တာတွေရှိသလို မပြိုသေးပေမယ့် အန္တရာယ် အရမ်းများတဲ့တိုက်တွေလည်းရှိတယ်။ အဲ့ဒီ အချိန်ကျရင် အသက်ရှင်တဲ့သူကိုကယ်တဲ့အ ခါကျရင်တော့ ရင်းရတာပေါ့။ တခါတလေကျ တော့လည်း မသေချာမရေရာတဲ့အခါမျိုးကျ ရင်တော့ တော်တော်လေးကို ခက်ခဲတယ်။ လုပ်မလား မလုပ်ဘူးလားဆိုတာမျိုးပေါ့။ အ သက်ရှင်နေသေးတယ်ဆိုရင်တော့ ခုနကပြော သလို နောက်ဆက်တွဲငလျင်တွေရှိပေမယ့် လည်း အပြင်က ကယ်တဲ့သူတွေအနေနဲ့ ရင်း ရဲတယ်။ ကျွန်တော်တို့ကလည်း သားကောင် ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ မသေချာမရေရာ တဲ့အခြေအနေမှာတော့ သတိထားလုပ်ရတာ ပေါ့။ အကူအညီတောင်းတာတွေတော့ အများ ကြီးရှိတာပေါ့။ ခုနကပြောသလို အသက်ရှင်တဲ့ သူရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က လုပ်ရမယ်။ အသက်ရှင်တဲ့သူမရှိတော့ဘူးဆို ရင်တော့ ကျွန်တော်တို့အနေနဲ့ ရုပ်အလောင်း ကိုပဲ ထုတ်ပေးဖို့လုပ်ရတာပေါ့။ အခုနိုင်ငံတ ကာကလာတဲ့အဖွဲ့တွေလည်း အဲ့ဒီစနစ်နဲ့ပဲ လုပ်နေကြတာကိုတွေ့ရတယ်။ တရုတ်အဖွဲ့ တွေဆိုရင်လည်း သူတို့ဆီမှာ အသက်ရှင်သေး လားမရှင်သေးဘူးလားဆိုတာကို သိနိုင်တဲ့ စက်တွေပါလာတယ်။ အဲ့ဒါတွေကို အသုံးပြု ပြီးပဲ ဆုံးဖြတ်လုပ်ကိုင်သွားတာကိုတွေ့ရ တယ်။
မေး။ ။ အခုလက်ရှိမှာရော အကိုတို့အနေနဲ့ အသက်ရှင်ကယ်ဆယ်နိုင်တဲ့သူနဲ့ သေဆုံးသူ ဘယ်လောက်အထိကို ထုတ်ပေးနိုင်ခဲ့ပြီလဲ။
ဖြေ။ ။ အခုက မန္တလေးမှာအဖွဲ့တွေအကုန် ပေါင်းပြီးလုပ်နေကြတာဆိုတော့ ကယ်ဆယ် နိုင်တဲ့သူရော၊ သေဆုံးသူတွေရော တော်တော် များများကို ရှာဖွေနိုင်ခဲ့တယ်။ မှတ်တောင်မ မှတ်မိတော့ဘူး။ စာရင်းကတော့ရှိတယ်။ သေချာမမှတ်မိတော့တာ။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးကိုပဲ ဦးစားပေးလုပ်နေရတယ်။
မေး။ ။ အကိုတို့ကို ကူညီမယ်ဆို ဘယ်လိုဟာ မျိုးတွေက အလွယ်တကူ ကူညီနိုင်မလဲ။
ဖြေ။ ။ အလွယ်ဆုံးကတော့ ငွေကြေးပေါ့။ နောက်ပြီးတော့ ခုနကပြောသလို ဂန်းတွေ ဖြတ်စက်တွေပေ့ါ။ အလှူရှင်တွေအနေနဲ့ အဲ့ ဒါမျိုးတွေလည်း လှူလို့ရတယ်။ အင်္ဂတွေကို ဖောက်ထုတ်ဖြတ်ထုတ်ဖို့ ဒါတွေကအများကြီး လိုအပ်တယ်။ အခြားကယ်တာတွေထက် ငလျင်ကတော့ အခက်ခဲဆုံးပဲ။ကျွန်တော်တို့ အတွက်က အတွေ့အကြုံအပိုင်းတွေ။ ကျွန် တော်တို့မှာက ငလျင်နဲ့ ပတ်သက်ပြီး အတွေ့ အကြုံမရှိဘူးလေ။ အခုချိန်မှာ မှားတဲ့အထဲက နေ သင်ခန်းစာယူ၊ ရှေ့ဆက်။ အဲ့ဒီလိုမျိုးပဲ သွားနေရတာပေါ့။
မေး။ ။ အခုနိုင်ငံတကာအဖွဲ့တွေနဲ့ တွဲပြီးလုပ်ရတော့့ ဘာတွေကြုံတွေ့ရလဲ။
ဖြေ။ ။ အခုနိုင်ငံတကာအဖွဲ့တွေမှာက ဘယ် နေရာမှာအသက်ရှင်သလဲဆိုတာကို စမ်းတဝါးဝါး လုပ်နေစရာမလိုဘူး။ သူတို့ဆီမှာပါလာ တဲ့ အတွေ့အကြုံတွေ၊ နည်းပညာတွေက အမြင့်တွေချည်းပဲ။ အသက်ရှင်နေတယ်ဆိုရင်လည်း ဘယ်နေရာမှာရှိနေတယ်။ သေတယ်ဆို ရင်လည်း သေတယ်။ ရှင်တယ်ဆိုရင်လည်း ရှင်တယ်ဆိုတာကို အတိအကျသိတယ်။ ပြီးတော့ ရှင်တဲ့သူကို ဘယ်လိုထုတ်မလဲ၊ သေတဲ့ သူကို ဘယ်လိုထုတ်မလဲပေါ့။ ရှင်တဲ့သူကို ဘယ်လိုထုတ်မလဲဆိုတာက အခက်ဆုံးပဲပေါ့။ သေတဲ့သူကတော့ သိပ်ကိစ္စမရှိပေမယ့် ရှင်တဲ့ သူကိုတော့ သူ့ကို ထိခိုက်မှုမရှိအောင်ဘယ်လို ထုတ်ရမလဲဆိုတာ သူတို့မှာက နည်းပညာတွေ ရှိတယ်။ အဲ့ဒါတွေကတော့ အတွေ့အကြုံတွေ ယူရတာပေါ့။
မေး။ ။ မတ် ၂၈ ရက်က ငလျင်လှုပ်တော့ အခုချိန်မှာ ပိတ်မိနေတဲ့သူတွေအတွက် အသက်ရှင်ဖို့က အခြေအနေဘယ်လောက်အထိ ရှိမလဲ။
ဖြေ။ ။ အသက်ရှင်ဖို့ကတော့ ရာခိုင်နှုန်း တော်တော်နည်းသွားပြီလို့ ပြောရမယ်။ အထဲမှာ ပိတ်မိနေတဲ့သူရဲ့ ကျန်းမာရေးအခြေအနေ၊ သူအသက်ရှင်ဖို့အတွက် ရေ စတဲ့အရာတွေရှိ မလားဆိုတာအပေါ်မှာလည်း မူတည်တယ်။ အကြမ်းဖျင်းအရတော့ အချိန်က ၇၂ နာရီ ကျော်သွားပြီဆိုတော့ မျှော်လင့်ချက်ကတော့ သိပ်မရှိတော့ဘူး။
မေး။ ။ ကယ်ဆယ်ရေးလုပ်တဲ့သူတွေထိခိုက် ဒဏ်ရာရတာတွေရှိလား။
ဖြေ။ ။ အခုထိတော့ ကြီးကြီးမားမားထိခိုက် ဒဏ်ရာရတာတော့ မကြားမိသေးဘူး။ လက်ထိခိုက်တာ ဘာညာလောက်ကတော့ရှိတာ ပေါ့။ တခြားကြီးကြီးမားမားထိခိုက်တာ မရှိပါ ဘူး။
မေး။ ။ ကယ်ဆယ်ရေးလုပ်နေတဲ့သူတစ် ယောက်အနေနဲ့ လူတစ်ယောက်ကို မကယ် ဆယ်နိုင်တော့ဘူးလို့ သိတဲ့အခါမှာ ခံစားချက်ကိုပြောပြပေးပါ။
ဖြေ။ ။ အဆိုးရွားဆုံးပေါ့။ ကျွန်တော်ဆိုရင် မန္တလေးကို မလာခင် တောင်ငူမှာတုန်းက က လေးငါးယောက်ကို မကယ်နိုင်ခဲ့ဘူး။ ငလျင် လှုပ်ပြီးပြီးချင်း သတင်းရလို့ သွားခဲ့တာ။ ဟိုကို ရောက်တဲ့အချိန်မှာ မကယ်နိုင်ခဲ့လို့ ကျွန်တော် တို့ တဖွဲ့လုံး ချုံးပွဲချ ငိုခဲ့ရတယ်။ အခုအွန်လိုင်းမှာလည်း တရုတ်နိုင်ငံက ကယ်ဆယ်ရေးလာတဲ့သူ ငိုနေတာကို တွေ့ရတယ်။