နစကဥက္ကဋ္ဌက အိန္ဒိယဝန်ကြီးချုပ်နှင့်တွေ့ဆုံ

နစကဥက္ကဋ္ဌက အိန္ဒိယဝန်ကြီးချုပ်နှင့်တွေ့ဆုံ
Published 4 April 2025
Ref:PMINDIA

BIMSTEC အစည်းအဝေးကို တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ ရောက်ရှိနေသည့် နစက္ကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မကြာသေးမီက မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဆုံးရှုံးနစ်နာမှုများနှင့်ပတ်သက်ပြီး မိုဒီက ဝမ်းနည်းစကားပြောကြားခဲ့ကာ ယခုကဲ့သို့ အလွန်အရေးကြီးသည့် အချိန်မျိုးတွင် မြန်မာနိုင်ငံမှ ညီအစ်ကိုမောင်နှမများအတွက် အိန္ဒိယက အကူအညီပေးမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် အိန္ဒိယနှင့် မြန်မာအကြား အပြန်အလှန်ဆက်ဆံရေးများ၊ အထူးသဖြင့် ဆက်သွယ်ဆောင်ရွက်မှု၊ စွမ်းဆောင်ရည်တည်ဆောက်မှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။

ဘန်ကောက်မြို့တွင် ပြုလုပ်သည့် BIMSTEC အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သီးသန့်တွေ့ဆုံခဲ့ကြောင်း၊ မကြာသေးမီက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဆုံးရှုံးခဲ့ရသည့် အသက်အိုးအိမ်စည်းစိမ်များအတွက် ဝမ်းနည်းကြောင်း နောက်တစ်ကြိမ်ပြောကြားခဲ့ကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့်အချိန်မျိုးတွင် မြန်မာနိုင်ငံ၏ ညီအစ်ကိုမောင်နှမများကို ကူညီထောက်ပံ့ပေးရန် တတ်နိုင်သမျှလုပ်ဆောင်နေကြောင်း နာရန်ဒရာမိုဒီက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

Most Read

Most Recent