ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက် ရောက်ရန်အတွက် ဧပြီ ၃ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဧပြီ ၃ ရက်နှင့် ၄ ရက်တို့တွင် အစည်းအဝေး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း အစည်းအဝေးသို့ တက်ရောက်လာကြသည့် အစိုးရအဖွဲ့အကြီး အကဲ များနှင့် တွေ့ဆုံဆွေးနွေး၍ မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ် ကြုံတွေ့နေရသည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။















