ငလျင်ကြောင့် မယ်နုအုတ်ကျောင်း ပြိုကျပျက်စီး

ငလျင်ကြောင့် မယ်နုအုတ်ကျောင်း ပြိုကျပျက်စီး
■Photos-ထက်အာကာ
■Photos-ထက်အာကာ
Published 28 March 2025

ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိ မယ်နုအုတ်ကျောင်း ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံအချို့က လူမှုကွန်ရက်တွင် ဖော်ပြလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိ မယ်နုအုတ်ကျောင်းဟု လူအများက ခေါ်ဆိုကြသည့် မဟာအောင်မြေဘုံစံအုတ်ကျောင်း‌တော်ကြီးအား ခရစ်နှစ် ၁၈၂၂ ခုနှစ်တွင် ဘကြီးတော်မင်းတရားကြီး၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုက ဆောက်လုပ်လှူဒါန်းခဲ့သည်။

ဆောက်လုပ်မှုမှာ ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီး ပထမကျောင်းထိုင် ဆရာတော်မှာ ညောင်ကန်ဆရာတော်ဦးပို ဖြစ်ပြီး ဒုတိယကျောင်း ထိုင်ဆရာတော်မှာ ဦးဗုဓ်ဖြစ်သည်။

၁၈၃၈ ခုနှစ်တွင် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် အုတ်ကျောင်းတော်မှာ ပြိုကျခဲ့ရာ နန်းမတော်မယ်နု၏ သမီးတော်၊ မင်းတုန်းမင်း၏ မိဖုရား ဆင်ဖြူမရှင်မိဖုရားက ၁၈၇၆ ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့သည်။

အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ အမြင့် ၉၄ ပေရှိသည့် အုတ်ကျောင်းတော်မှာ အေဒီ ၁၉ ရာစု ကုန်း‌ဘောင်ခေတ်လက်ရာများကြောင့် နှစ်စဉ်လာရောက် လည်ပတ်ကြည့်ရှုသည့် ပြည်တွင်း ပြည်ပခရီးသည် များပြားခဲ့သည်။

 

Most Read

Most Recent