မန္တလေး၊နေပြည်တော်၊ စစ်ကိုင်းတို့ရှိ ဆေးရုံများတွင် ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိလူနာများပြားနေပြီး သွေးအလှူရှင်များလိုအပ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
“မန္တလေး၊နေပြည်တော်၊ စစ်ကိုင်းမှာရှိတဲ့ ဆေးရုံတွေမှာ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရလူနာတွေ များပြားနေပါတယ်။ အဲဒီမှာ သွေးလိုအပ်လည်း များပြားပါတယ်။ သွေးအလှူရှင်များ မန္တလေး၊နေပြည်တော်၊ စစ်ကိုင်းဒေသမှာရှိတဲ့ သွေးအလှူများ ဆေးရုံများနဲ့ ဆက်သွယ်ကုသိုလ်ပြုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို သွားရောက်၍ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့သည့် လူနာများကို သွားရောက်ကြည့်ရှုနေကြောင်း သိရသည်။















