အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဘာလီမှ လေကြောင်းခရီးစဉ်များအားလုံးကို ဖျက်သိမ်း

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဘာလီမှ လေကြောင်းခရီးစဉ်များအားလုံးကို ဖျက်သိမ်း
Published 21 March 2025

အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက်ပိုင်းရှိ မီးတောင်တစ်တောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ချော်ရည်များ ကောင်းကင်အထက် ရှစ်ကီလို မီတာအထိ ပန်းထွက်လာခဲ့ပြီးနောက် ဘာလီအပန်းဖြေကျွန်းမှ နိုင်ငံတကာလေကြောင်း ခရီးစဉ်ရှစ်ခုထက်မနည်းကို ဖျက်သိမ်းလိုက်ကြောင်း လေဆိပ်တာဝန်ရှိသူတစ်ဦးက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

 ဖလော်ရက်စ် အပန်းဖြေကျွန်းရှိ အမြင့်၁၇၀၃ မီတာရှိ အမြွှာမီးတောင်ဖြစ်သော လီဝိုတိုဘီလာကီ လာကီတောင်တွင် မတ် ၂၀ ရက်နှောင်းပိုင်း က ၁၁ မိနစ် ၉ စက္ကန့်ကြာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ကာ မီးတောင်ပေါက်ကွဲမှု သတိပေးချက်အဆင့်ကို အမြင့်ဆုံးအဆင့်အထိ တိုးမြင့်သတ်မှတ်ခဲ့သည်။

မတ် ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်တွင် နိုင်ငံတကာလေကြောင်း ခရီးစဉ်ခုနစ်ခုကို ဖျက်သိမ်းခဲ့ရပြီး ၎င်းတို့ထဲမှ ခြောက်ခုသည် သြစတြေးလျသို့ ပျံသန်းသည့် Jetstar လေကြောင်းဖြစ်ကာ တစ်ခုမှာ ကွာလာလမ်ပူသို့ ပျံသန်းသော Air Asia လေကြောင်းဖြစ်သည်ဟု ဘာလီ၏ ငူရာရိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြောရေးဆိုခွင့်ရှိသူ အန်ဒါဒီနာ ဒီရတ်ကဆိုသည်။

ထို့ပြင် ထိုင်း၊ စင်ကာပူနှင့် သြစတြေးလျအပါအဝင် နိုင်ငံတကာခရီးစဉ်များနှင့် ပြည်တွင်းခရီးစဉ်များအားလုံး နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။                            

Ref:AFP

Most Read

Most Recent