
မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေသည့် Harmony Health Hub (HHH) ကုမ္ပဏီက အိန္ဒိယနိုင်ငံ Apollo Hospitals မှ အသည်းနှင့်ဦးနှောက်အာရုံကြောခွဲစိတ်အထူး ကု ဆရာဝန်ကြီးများအား ဖိတ်ကြား၍ ကျန်းမာရေး အသိပညာဟောပြောပွဲအား မတ် ၉ ရက်က ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေသည့် Harmony Health Hub (HHH) ကုမ္ပဏီက အိန္ဒိယနိုင်ငံ Apollo Hospitals မှ အသည်းနှင့်ဦးနှောက်အာရုံကြောခွဲစိတ်အထူးကု ဆရာဝန်ကြီးများအား ဖိတ်ကြား၍ကျန်းမာရေး အသိပညာဟောပြောပွဲနှင့် မီဒီယာများအား အသိပေးရှင်းလင်းပွဲအား မတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကျန်းမာရေး အသိပညာ ဟောပြောပွဲတွင် အိန္ဒိယနိုင်ငံ Apollo Hospitals မှ ဦးနှောက်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး Dr.Vigneshwar Ravisankar နှင့် အသည်းအစားထိုး ခွဲစိတ်ဌာနမှ ဌာနမှူး Dr.Elankumaran K တို့က Optimizing Management of Liver Failure & Liver Cancer, Challenges and Emerging Solutions နှင့် Evolution of Technology in Neurosurgery စသည့် ခေါင်းစဉ်နှစ်ခုဖြင့် ဟောပြောဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ မြတ်သူ အပါအဝင် ဆရာဝန်ကြီးများနှင့် ဆေးပညာလောကမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Harmony Health Hub (HHH) ကုမ္ပဏီသည် ကမ္ဘာအနှံ့ရှိ ဆေးရုံပေါင်း ၃၅၀ နှင့် လက်တွဲ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေခြင်းဖြစ်သည်။ (HHH) ကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံ Apollo Hospitals နှင့် အတူပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှူများကို ပြုလုပ်လာခဲ့သည့်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိခဲ့ပြီဖြစ်ပြီး လက်ရှိတွင်လည်း အိန္ဒိယနိုင်ငံ Apollo Hospitals မှ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ အထူးကုဆရာဝန်ကြီးများ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်ပင် ကျန်းမာရေး စောင့်ရှောက်မှူများ၊ ကျန်းမာရေးဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
Harmony Health Hub (HHH) ကုမ္ပဏီသည် ကမ္ဘာအနှံ့ ရုံးခွဲ ၇ ခုဖွင့်လှစ်ထားပြီး ကမ္ဘာအနှံ့ရှိ ဆေးရုံပေါင်း ၃၅၀ နှင့်ချိတ်ဆက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆရာဝန်နှင့် သူနာပြုအရည်အသွေး တိုးတက်မှု လုပ်ငန်းများအား ပြုလုပ်ပေးနေခြင်းဖြစ်သည်။
Harmony Health Hub (HHH) ကုမ္ပဏီက အိန္ဒိယနိုင်ငံ Apollo Hospitals တို့ ပူးပေါင်း၍ အသည်းနှင့်ဦးနှောက်အာရုံကြောခွဲစိတ် ကုသမှုများသာမက ကျောက်ကပ်အစားထိုး ကုသမှူလုပ်ငန်းများ၊ ကင်ဆာရောဂါကုသမှုလုပ်ငန်းများနှင့် အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ကုသမှူ ကျန်းမာရေး ဟောပြောဆွေးနွေးပွဲများကိုပါ ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ (HHH) ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က နိုင်ငံတစ်ခုကို သွားရောက်ပြီး အဲ့နိုင်ငံမှာရှိတဲ့ လူနာတွေကို ကျွန်တော်တို့က ကုသမှူပေးချင်တာ တစ်ခုတည်းမဟုတ်ဘဲ အဲ့နိုင်ငံမှာရှိတဲ့ ကျန်းမာရေးလောကက ဆရာဝန် သူနာပြုတွေနဲ့ ပူးပေါင်းပြီးနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှူအဆင့်အတန်း မြင့်မားအောင် ကူညီပေးချင်တဲ့ ရည်ရွယ်ချက်က အဓိကဖြစ်ပါတယ်” ဟု Harmony Health Hub (HHH) ၏ Founder & MD Mr.RAJIV MISRA က ပြောကြားခဲ့သည်။