USAID သည် အယ်ကေဒါ၊ တာလီဘန်နှင့် အိုင်အက်စ် အပါအဝင် အကြမ်းဖက်အဖွဲ့များကို ဒေါ်လာ သန်းချီထောက်ပံ့ခဲ့ကြောင်း အမေရိကန်အောက်လွှတ်တော်အမတ် စကော့ပယ်ရီ ပြောကြား

USAID သည် အယ်ကေဒါ၊ တာလီဘန်နှင့် အိုင်အက်စ် အပါအဝင် အကြမ်းဖက်အဖွဲ့များကို ဒေါ်လာ သန်းချီထောက်ပံ့ခဲ့ကြောင်း အမေရိကန်အောက်လွှတ်တော်အမတ် စကော့ပယ်ရီ ပြောကြား
Published 14 February 2025

အမေရိကန်၏နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) သည် အယ်ကေဒါ၊ တာလီဘန်၊ အိုင်အက်စ်နှင့် ဘိုကိုဟာရမ်အဖွဲ့ အပါအဝင် အကြမ်းဖက်အဖွဲ့များကို ဒေါ်လာသန်းချီထောက်ပံ့ခဲ့ကြောင်း အမေရိကန်အောက်လွှတ်တော်အမတ် စကော့ပယ်ရီ ပြောကြားခဲ့သည်ဟု နိုက်ဂျီးရီးယားနိုင်ငံ၏ The Sun သတင်းစာဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အီလွန်မာ့စ်ဦးဆောင်သည့် အစိုးရအဖွဲ့အကျိုးဆောင်ဌာန (DOGE) ၏ ကော်မတီက စစ်ဆေးတွေ့ရှိချက်အရ အမေရိကန်အစိုးရ၏ ဆယ်စုနှစ်များစွာကြာ အကြမ်းဖက်အဖွဲ့များကို ငွေကြေးထောက်ပံ့ခဲ့သည့် အကြောင်းအရာကို လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပယ်ရီသည် ထိုလေ့လာတွေ့ရှိချက်ကို လွှတ်တော်ကြားနာစစ်ဆေးမှုတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

လေ့လာတွေ့ရှိချက်အရ အာဖဂန်တွင် ၂၀၂၁ ခုနှစ်က တာလီဘန်တို့ အာဏာပြန်ရလာခဲ့သည့်တိုင် နှစ်စဉ် အာဖဂန်သို့ ထောက်ပံ့ငွေ ဒေါ်လာ ၆၉၇သန်းရှိခဲ့ကြောင်း ပယ်ရှီက ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်တစ်နှစ်တည်းမှာပင် အမေရိကန်က အာဖဂန်နစ္စတန်ကို ဒေါ်လာ ၆၉၇ သန်း ထောက်ပံ့ပေးခဲ့ကြောင်း ထိုငွေကြေးများအနက် ဒေါ်လာ ၅၃၄ ဒသမ ၇ သန်းကို USAID မှ တစ်ဆင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ပယ်ရီက ပြောကြားခဲ့သည်။

ထို့ပြင် USAID သည် ပါကစ္စတန်တွင် စာသင်ကျောင်း ၁၂၀ ကို ဆောက်လုပ်ရန်အတွက် ဒေါ်လာ ၁၃၆ သန်းလျာထားခဲ့ပြီး ထိုစာသင်ကျောင်းများကို အမှန်တကယ် တည်ဆောက်ခဲ့ခြင်းရှိ၊မရှိ သက်သေမရှိကြောင်း ပယ်ရီက ပြောသည်။

USAID သည် တစ်နှစ်လျှင် ဒေါ်လာသန်း ၆၀ ကုန်ကျသည့်  အမျိုးသမီးများ ပညာသင်ဆုပေးသည့် Women’s Scholarship Endowment နှင့် တစ်နှစ်လျှင် ဒေါ်လာ ၅ သန်းကုန်ကျသည့် Young Women Lead အစီအစဉ်များကဲ့သို့ ထောက်ပံ့ကြေးအစီအစဉ်များဖြင့် ခေါင်းစဉ်တပ်ခဲ့သည့် ရန်ပုံငွေများသည် အိုင်အက်စ်နှင့် ဘိုကိုဟာရမ် အဖွဲ့များထံသို့ ရောက်ရှိခဲ့ကြောင်းလည်း စကော့ပယ်ရီက ပြောကြားခဲ့သည်။

Ref: The Sun Nigeria/ munsifdaily / newscentral.africa

Most Read

Most Recent