အက်သလက်တီကို - ဂီတာဖေး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၇:၃၀ နာရီ)
အက်သလက်တီကိုကလည်း ပေါ့ပေါ့ပါးပါးနဲ့ပဲ ချန်ပီယံပြေးလမ်းထဲ ရောက်အောင် ပြန်ဝင်လာနိုင်တယ်။ အသင်းကစားပုံ၊ ဂိုးသွင်းနှုန်း ခုချိန်မှာ ပြောစရာလည်း သိပ်မရှိအောင် ကစားနေနိုင်တယ်။ ဒီပွဲပြီးရင် ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာဆိုတော့လည်း အခုပွဲကို အနိုင်ကစားပြီး အားမွေးထားနိုင်အောင် ကြိုးစားတော့မှာ သေချာတယ်။ ဂီတာဖေးအနေနဲ့ အက်သလက်တီကို တောင့်ခံနိုင်ဖို့မရှိလို့ အက်သလက်တီကိုနဲ့ ဂိုးအများကိုပဲ ကြိုက်တယ်။
အလာဗတ်စ် - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၉:၄၅ နာရီ)
ဘီလ်ဘာအိုအသင်းက ခြေတက်နေပြီး လာလီဂါမှာ နိုင်ပွဲတွေလည်း ဆက်တိုက်ရယူထားတယ်။ ပြီးတော့ ဘီလ်ဘာအိုက အလာဗတ်စ်ကို အစဉ်အလာအရလည်း အမြဲတမ်းလိုလို အသာစီးရလေ့ရှိတယ်။ အလာဗတ်စ်ကတော့ ခြေစွမ်းကျဆင်းနေပြီး ဒီပွဲမှာလည်း အိမ်ကွင်းအားလောက်ပဲရှိလို့ ခြေစွာနေတဲ့ ဘီလ်ဘာအိုကို ထိန်းရခက်ဦးမှာပါပဲ။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲ ကောင်းမယ်။
ဗီလာရီးယဲလ် - ဘက်တစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၁၂:၀၀ နာရီ)
ဗီလာရီးယဲလ်တိုက်စစ်က ပြန်ကျသွားသလိုပဲ။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၂) ပွဲမှာ ဗီလာရီးယဲလ်ဟာ စတုတ္ထတန်းကလပ် ပွန်တီဗီဒရာနဲ့ ဘီလ်ဘာအိုတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တယ်။ အဲဒီ (၂) ပွဲစလုံးမှာ ဗီလာရီးယဲလ်တိုက်စစ်က တစ်ဂိုးမှ မသွင်းနိုင်ခဲ့ဘူး။ ဒီအနေအထားနဲ့တော့ အဝေးကွင်းထိန်းကစားနိုင်တဲ့ ဘက်တစ်ကို ကျော်လွှားရခက်လိမ့်မယ်။ ဂိုးအနည်း သရေပွဲလို့ပဲ ထင်တယ်။
ဆိုစီဒက် - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၁၂:၀၀ နာရီ)
ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရတဲ့ ဆိုစီဒက်ဟာ ခြေစွမ်းပြန်တက်နေသလို၊ ဂိုးသွင်းနှုန်းလည်း ပြန်တက်နေတယ်။ လာလီဂါနောက်ဆုံး (၅) ပွဲမှာ ဘီလ်ဘာအိုကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲကလွဲလို့ ကျန် (၄)ပွဲလုံး အနိုင်ကစားထားတယ်။ လက်စ်ပါမားစ်က ခြေငြိမ်နေပေမဲ့ ခံစစ်ပိုင်းကတော့ စိတ်မချရသေးဘူး။ အိမ်ကွင်းအားကောင်းတဲ့ ဆိုစီဒက်ပဲ အနိုင်ရမယ်ထင်တယ်။ ဂိုးများသွားနိုင်တယ်။
ဘာစီလိုနာ - လီဟာနက်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၂:၃၀ နာရီ)
လာလီဂါနောက်ဆုံး (၅) ပွဲမှာ နိုင်ပွဲ (၁)ပွဲပဲ ရှိတော့တဲ့အထိ ဘာစီလိုနာ ပြန်ကျသွားပုံက မြန်ဆန်လွန်းတယ်။ အခု လီဟာနက်စ်နဲ့အိမ်ကွင်းပွဲမှာ ဘာစီလိုနာ အမှတ်ပြည့်မရ ရအောင် ယူထားနိုင်ဖို့ လိုတယ်။ ဒီပွဲအပြီး အက်သလက်တီကိုနဲ့လည်း ကစားရဦးမှာဆိုတော့ လီဟာနက်စ်နဲ့ပွဲမှာ (၃)မှတ်အပြည့် မယူထားနိုင်ရင် ဘာစီလိုနာအတွက် ၂၀၂၄ ကို အဆိုးနဲ့ နှုတ်ဆက်လိုက်ရသလို ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အခုအိမ်ကွင်းပွဲကိုတော့ ဘာစီလိုနာ အနိုင်မရ ရအောင် ပြန်ကစားလိမ့်မယ်။ အသင်းရဲ့ခြေစွမ်းနဲ့ ဂိုးသွင်းအားက သိပ်ကျသွာမျိုးမဟုတ်ပေမဲ့ ခံစစ်ကစားပုံလျော့ရဲနေတာကို ပြင်နိုင်ရင် ဘာစီလိုနာပြန်ကောင်းလာဖို့ ရှိတယ်။ လီဟာနက်စ်ရဲ့ ခံစစ်ကစားပုံကလည်း အခုနောက်ပိုင်း အားနည်းနေလို့ ဘာစီလိုနာအတွက် အခွင့် အရေးဖြစ်နိုင်တယ်။ ဘာစီလိုနာနဲ့ ဂိုးအများကို ရွေးချင်တယ်။















