မန်စီးတီးအသင်းသည် ပေါ်တူဂီနောက်ခံလူ ဒီယက်စ်ကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၂၇) နှစ်အရွယ်ရှိ ဒီယက်စ်သည် ၂၀၂၀ နွေရာသီတွင် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ မန်စီးတီးအသင်းသို့ ပေါင် (၆၁.၆၄)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး မန်စီးတီးအသင်းက အသင်း၏ခံစစ်ပိုင်းကို အပြောင်းအလဲလုပ်ရန် အလိုရှိနေခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် အင်္ဂလန်နောက်ခံလူတစ်ဦးကို ခေါ်ယူရန် ပစ်မှတ်ထားနေပြီး ရရှိခဲ့ပါက ဒီယက်စ်ကို ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်း ပစ်မှတ်ထားနေသည့်ကစားသမားမှာ ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီဖြစ်ပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။















