လေးနှစ်ကျော် မကျင်းပဖြစ်ခဲ့သည့် ရေကျော်ပွဲစျေးအား အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကျင်းပ

လေးနှစ်ကျော် မကျင်းပဖြစ်ခဲ့သည့် ရေကျော်ပွဲစျေးအား အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကျင်းပ
ရေကျော်ပွဲစျေးကို နိုဝင်ဘာ ၂၂ ရက် ကျင်းပနေစဉ်
ရေကျော်ပွဲစျေးကို နိုဝင်ဘာ ၂၂ ရက် ကျင်းပနေစဉ်
Published 22 November 2024

လေးနှစ်ကျော် မကျင်းပဖြစ်ခဲ့သည့် ရေကျော်ပွဲစျေးအား အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကျင်းပလျက်ရှိကြောင်း ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။

နိုဝင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ အမျိုး သားနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ဆိုင်ခန်းနေရာများကိုလည်း သတ်မှတ်ထားကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ကိုဗစ်ကူးစက်မှုရောဂါကြောင့် ရေကျော်ပွဲစျေးကို မကျင်းပနိုင်ခဲ့ဘဲ ယခုနှစ်မှသာ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီနှစ်မှ ပြန်ကျင်းပတာ။ ဆိုင်ခန်းတွေလည်း အရင်အရေအတွက်လောက်တော့ရှိတယ်။ အရင်တုန်းက သီတင်းကျွတ်ကာလမှာလုပ်တာ။ အစဉ်အလာပဲပေါ့။ ငါးရက်လုပ်တယ်။ ဒီနှစ်ကတော့ အမျိုးသားနေ့အထိမ်း အမှတ်အနေနဲ့ လုပ်တာလို့ ပြောတယ်ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရေကျော်ပွဲစျေးကို မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ်မှ စတင်ကာ ပုဇွန်တောင် အမှတ် ရပ်ကွက်သူ ရပ်ကွက်သားများက စတင်ကာ ကျင်းပခဲ့ပြီး နှစ်စဉ်မပြတ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။

အရင်ခေတ်တွေတုန်းကတော့ ပွဲစျေးသပ်သပ်ပုံစံပဲ။ ၁၉၉၀ ပြည့်နှစ်ကျော်မှာတုန်းကတော့ လူငယ်တွေက ခေတ်ပေါ်ဒီဇိုင်းတွေ နဲ့ ဆန်းသစ်ပြီး လည်ပတ်ကြတာရှိတယ်။ ပန့်ခ်တို့ဘာတို့နဲ့ပေါ့ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရေကျော်ပွဲစျေးကို ယခင်က အောက်တိုဘာလပိုင်းတွင် နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။