စားသောက်ကုန်စျေးနှုန်းများ မြင့်တက်နေသဖြင့် လခစားဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌပြောကြား

စားသောက်ကုန်စျေးနှုန်းများ မြင့်တက်နေသဖြင့် လခစားဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌပြောကြား
Published 22 November 2024

အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစားဝန်ထမ်းများနှင့် အခြေခံလူ တန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း  ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ် ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ် ရေးကော်မတီ  (၄/၂၀၂၄) အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုကုန်စျေး နှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုကုန် စျေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာဝန်ကြီးများ၊ စည်ပင်သာယာရေးကော်မတီအတွင်း ရေးမှူးများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌတို့က ဗီဒီယိုကွန် ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေး၌ ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစားဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း၊ သို့ဖြစ်ရာ တိုင်းဒေသကြီး၊ ပြည် နယ်အစိုးရများအနေဖြင့် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်သုံးဆီများ၏ ဖြန့်ဖြူးရောင်းချမှုအပါအဝင် လက်ရှိဖြစ်ပေါ်နေသော မြေပြင်အခြေ အနေအပေါ်ထိန်းကျောင်းဆောင်ရွက်သွား မည့်အစီအမံများ၊ လိုအပ်ချက်နှင့် လက်တွေ့ ဆောင်ရွက်သင့်သည်များကို အသေးစိတ်ဆွေးနွေးညှိနှိုင်းရန် ပြောကြားခဲ့သည်။

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ ပျက်စီးဆုံးရှုံးရခြင်းသည် ကုန်စျေးနှုန်း တည်ငြိမ်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း၊ နေရာဒေသအချို့တွင် ရေကြီးမှုများကြောင့် မိုးစပါး စိုက်ဧကများ ထိခိုက်ပျက်စီးခဲ့သဖြင့် စပါးစိုက်ပျိုးမှု၊ ထွက်ရှိမှု၊ ပြည်တွင်းစားသုံးမှု၊ အရန်ဆန်နှင့် ပြည်ပတင်ပို့မှုစသည်တို့ကို စနစ်တကျ တွက်ချက်စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိစားအုန်းဆီဖြန့်ဖြူးမှု စနစ်တကျရှိရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အသား၊ ငါး၊ ဥစျေးနှုန်းများ တည်ငြိမ်ရေးအတွက် တိရစ္ဆာန်မျိုးသားပေါက်၊ အစာနှင့် ကာကွယ်ဆေးစသည့် မွေး မြူရေးဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်း စဉ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောကြားသည်။

ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ကို အကျိုးအမြတ်အတွက် စျေးကစားခြင်းများမရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ထိန်းကျောင်းရန် လိုအပ်ကြောင်း၊ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်ပေးသင့်သည့် ရေတို၊ ရေရှည်အစီအမံများကို ၀ိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းင်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ် ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်၊ စားအုန်းဆီ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများအပါအဝင် အခြေခံ             စားသောက်ကုန်များ စျေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက ပြည်ထောင်စုကုန်စျေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံစားသောက်ကုန်စျေးနှုန်းများ တည်ငြိမ်စေရေး ဆောင်ရွက်ချက်များ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ စက်သုံးဆီစသည့် အရေးကြီးကုန်စည်များနှင့်စပ်လျဉ်းပြီး နေ့စဉ်ကြပ်မတ်ဆောင် ရွက်လျက်ရှိသည့်အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုကုန်စျေးနှုန်း တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်စျေးနှုန်း တည်ငြိမ်စေရေးဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို ၂၀၂၃ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီ၊ သားငါး၊ ဥနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ စျေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းလိုအပ်ချက်နှင့် ထုတ်လုပ်မှုပမာဏ ညီညွတ်မျှတရေး၊ ကုန်စည်စီးဆင်းမှု အဝင်အထွက် မှန်ကန်ရေး၊ ကုန်စျေးနှုန်းတည်ငြိမ်မှုပျက် ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။