တရုတ် -‘၀’ နယ်စပ်ဂိတ်အားလုံးကို တရုတ်အစိုးရဘက်က ကုန်စည်တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း သိရ 

တရုတ် -‘၀’ နယ်စပ်ဂိတ်အားလုံးကို တရုတ်အစိုးရဘက်က ကုန်စည်တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း သိရ 
နမ့်တစ် (မန်ခါး) နယ်စပ် ဂိတ်ကို တွေ့ရစဥ်    ( photo - Wa News Land)
နမ့်တစ် (မန်ခါး) နယ်စပ် ဂိတ်ကို တွေ့ရစဥ် ( photo - Wa News Land)
Published 29 October 2024

တရုတ် - ‘‘၀’’ နယ်စပ်ဂိတ်အားလုံးကို တရုတ်အစိုးရဘက်က ကုန်စည်တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း ‘‘၀’’ ဒေသအခြေစိုက် ‘‘၀’’ လူငယ့်အသံကွန်ရက် သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ 

‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အ ခြေစိုက် တရုတ်နယ်စပ်ဂိတ်အားလုံးကို တရုတ် အစိုးရဘက်က ကုန်စည်တင်သွင်းခွင့် ပိတ်ပင် လိုက်ကြောင်း လူငယ့်အသံကွန်ရက် သတင်း ဌာနကို ‘‘၀’’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) မှ တာဝန်ရှိသူများက အတည်ပြုပြောကြားထားသည်။ 

တရုတ်အစိုးရအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က  မူဆယ် - ကျယ် ခေါင်ဂိတ်၊ မိုင်းလား - တာ့လော့ဂိတ်မှ ကုန် စည်တင်သွင်းခွင့်များကို ကန့်သတ်ပိတ်ပင် လိုက်ပြီးနောက် အောက်တိုဘာ ၂၄ ရက်တွင် တရုတ် - ‘‘၀’’ နယ်စပ်ဂိတ် အားလုံးကို ထပ်မံ ပိတ်ပင်လိုက်ခြင်းလည်း ဖြစ်သည်။ 

တရုတ်အစိုးရအနေဖြင့်’’၀’’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက် တရုတ်နယ်စပ် ဂိတ်အားလုံးကို ကုန်စည်တင်သွင်းခွင့် ပိတ်ပင် လိုက်ပြီး လောင်စာဆီ၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း အစရှိသည့် ကုန်ပစ္စည်းများကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ပန်ဆန်းမြို့ရှိ နိုင်ငံရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လူငယ့် အသံကွန်ရက် သတင်းဌာနသို့ အတည်ပြုပြော ကြားထားသည်။ 

တရုတ်အစိုးရအနေဖြင့်’’၀’’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက် တရုတ်နယ် စပ်ဂိတ်အားလုံးမှ ကုန်စည်တင်သွင်းခွင့်ကိုသာ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး လူအဝင်အထွက်နှင့် ဟင်းသီးဟင်းရွက်များကိုမူ ဝင်ရောက်ခွင့်ပြု ထားကြောင်း သိရသည်။ 

ထို့ပြင် တရုတ်အစိုးရအနေဖြင့် မိုင်းလား အဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် နယ်စပ် ဂိတ်များကိုလည်း တစ်ဆက်တစ်စပ်တည်း ပိတ်ပင်ခဲ့ကြောင်း သိရသည်။ 

ထို့အတူ တရုတ်အစိုးရအနေဖြင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တအာင်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ကုန်စည်တင် သွင်းခွင့် ပိတ်ပင်ခြင်းကို ထိရောက်စေရန် တရုတ် - ‘‘၀’’ နယ်စပ်ရှိ နမ့်တစ် (မန်ခါး) ဂိတ် ကို သြဂုတ်လကတည်းက ပိတ်ပင်ထားသည်။ 

လက်ရှိတွင် တရုတ်အစိုးရဘက်က နမ့်တစ် (မန်ခါး) ဂိတ်နှင့် နယ်စပ်ဂိတ်အကြီးများ ဖြစ်ကြသည့် မုန်အားဂိတ်၊ ဆောဖာဂိတ် အပြင် မိုင်းလားနယ်စပ်ရှိ ဂိတ်အားလုံးကိုလည်း ကုန်စည်တင်သွင်းခွင့် ရက်အကန့်အသတ်မရှိ ပိတ် ပင်လိုက်ကြောင်း သိရသည်။ 

တရုတ်အစိုးရဘက်က တရုတ် - ‘‘၀’’ နယ်စပ်ဂိတ်အားလုံး ကုန်စည်တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီးနောက် ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း မလိုအပ်ဘဲ ကုန်ပစ္စည်းများ စျေးတင်ရောင်းချခြင်း မပြုရန်၊ လူထုများအကြား ကုန်စျေးနှုန်းနှင့်ပတ်သက်ပြီး သတင်းအမှားများ မဖြန့်ကြရန် ‘‘၀’’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) က အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်သတိပေးထားကြောင်း သိရသည်။

 

Most Read

Most Recent