မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖွင့်လှစ်ထားသည့် ကျားဖြန့်စင်တာအားလုံးကို တရုတ်နှင့် မြန်မာ တရားဥပဒေ စိုးမိုးရေးအေဂျင်စီများက ချေမှုန်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းအေဂျင်စီက နိုဝင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် ပြုလုပ်ခဲ့သည့်အဆိုပါ စစ်ဆင်ရေးအတွက် လူပေါင်း ၇၀၀ ကျော်ဖမ်းဆီးခံခဲ့ရသည်။
တရုတ်နိုင်ငံသားများအား ပစ်မှတ်ထား သည့် ရာဇဝတ်မှုများမြင့်တက်ခဲ့ပြီးနောက် တရုတ်သည် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို ပြီးခဲ့သည့်နှစ်ကတည်း က ချေမှုန်းရေးအစီအစဉ်များ စတင်လုပ် ဆောင်ခဲ့သည်။
ထိုအချိန်မှစပြီး ကျားဖြန့်လုပ်ငန်းများ တွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိရ သည့် တရုတ်နိုင်ငံသား ၅၃၀၀၀ ကျော် ဖမ်း ဆီးခံခဲ့ရကြောင်း ဆင်ဟွာသတင်းအေဂျင်စီ က တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကို ကိုးကားပြီး သတင်းထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၁၇ ရက်တွင် အာဏာပိုင်များ သည် မြန်မာနိုင်ငံမြောက်ပိုင်း တန့်ယန်းမြို့ နယ်တွင် ဝရမ်းပြေး ၆၉ ဦးအပါအဝင် သံသ ယဖြစ်ဖွယ် တရုတ်နိုင်ငံသား ၇၆၃ ဦးကို ဖမ်း ဆီးရမိခဲ့ကြောင်း၊ အဆိုပါသံသယရှိသူများ နှင့် ဆက်စပ်သက်သေအထောက်အထားများ ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။
ပြင်းပြင်းထန်ထန်ချေမှုန်းမှုနှင့် တားဆီး မှုများအောက်တွင် ငွေကြေးလိမ်လည်သူများ သည် မြန်မာနိုင်ငံအတွင်းဘက် နက်ရှိုင်းသည့် နေရာများသို့ ဆက်လက် နေရာရွှေ့ပြောင်း သွားခဲ့ပြီး ဝမ်ဟိုင်း၊ တန့်ယန်းနှင့် မြဝတီကဲ့သို့ နေရာဒေသများသို့ ပြောင်းရွှေ့နေကြကြောင်း ဆင်ဟွာက ဖော်ပြခဲ့့သည်။
ပြည်သူ့လုံခြုံရေး အာဏာပိုင်များသည် နယ်စပ်ဖြတ်ကျော်ကျားဖြန့်လုပ်ငန်းအပေါ် ဖိအားတိုးမြှင့်ကာ ဆက်လက်ချေမှုန်းသွား မည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးပူးပေါင်း ဆောင်ရွက်မှုကိုခိုင်မာစေရန် အားထုတ်ကြိုး ပမ်းမှုများကို ပိုမိုမြှင့်တင်ခြင်း၊ ကျားဖြန့်လုပ် ငန်း၏ အန္တရာယ်ကို အမြစ်ပြတ် ချေမှုန်းရေး တို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး ၏ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာက ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ကျားဖြန့်လုပ်ငန်းလုပ် ကိုင်နေသည့် စင်တာများ ၁၀၀၀ ခန့်တွင် နေ့ စဉ် လူပေါင်း ၁၀၀၀၀၀ ကျော်ပါဝင်လုပ်ကိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ပြီးခဲ့သည့် နှစ်တွင် ဖော်ပြခဲ့သည်။
ယခုလအစောပိုင်းက တရုတ်ဝန်ကြီး ချုပ်လီချင်သည် မြန်မာတပ်မတော်အကြီးအ ကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ ဆုံချိန်ကလည်း အွန်လိုင်းလောင်းကစားလုပ် ငန်းများနှင့် ကျားဖြန့်လုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တိုက် ဖျက်ရန် ပူးပေါင်းအားထုတ်ကြိုးပမ်းမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
Ref;Reuturs