မြန်မာထိုင်း နယ်စပ် မြဝတီတောင်ဘက်မှ သောင်ရင်းမြစ်ကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်ခဲ့ သည့် မြန်မာန်ိုင်ငံသား ၉ဦးသည် ဖုတ်ဖရာ့မြို့နယ် တွင် နိုဝင်ဘာလ၂၀ ရက် နံနက် ၄နာရီ ခန့်က မူးယစ်ဆေးပြား ၁၄ ပြားနှင့်အတူ ဖမ်းဆီးခံရကြောင်း သိရသည်။
မဲဆောက်အပါအဝင် နယ်စပ်ငါးမြို့နယ်၊ သောင်ရင်းမြစ် ကမ်းစပ်တလျှောက် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုမရှိစေရန်လုံခြုံရေးဆောင်ရွက်နေသောနယ်ခြားစောင့်စစ်တပ်အဖွဲ့မှ မသင်ကာဖွယ်လူတစ်စုအားခေါ်ယူစစ်ဆေးရာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင် ရောက်လာသူများဖြစ်ကြောင်းသိရှိရပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၊ဖုတ်ဖရာ့ မြို့နယ်အတွင်းသို့ မြန်မာနိုင်ငံဘက်မှ ဝင်ရောက်လာသူများ မှာ အမျိုးသား ၂ဦး၊အမျိုးသမီး ၅ဦးနှင့် ယောကျာ်းလေး(ကလေး) နှစ်ဦးတို့ဖြစ်ကြောင်း၊အမျိုးသားတစ်ဦးတွင် မူးယစ်ဆေးဝါး ၁၄ ပြား သယ်ဆောင်ယူလာကြောင်းစစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုသည်။
အဆိုပါ မြန်မာနိုင်ငံဘက်မှတရားမဝင် ဝင်ရောက်လာသူများသည် ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့နယ်မှ စုရပ်လုပ်ကာ တစ်ဦးလျှင် ပွဲစားခဲ ဘတ်ငွေ ၃ဝဝဝဝစီ ပေးပြီး လာခဲ့ကြကာ မလေးရှားနိုင်ငံထိ သွားရောက်ကြမည့် မူစလင်လူမျိုးများဖြစ်ကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဖိုးဖရခရိုင်တွင် မလေးရှားနိုင်ငံသို့သွားရောက်ကြမည့် မြန်မာနိုင်ငံဘက်မှ တရားမဝင် ဝင် ရောက်လာသူ ကလေးငယ်နှစ်ဦးအပါ အဝင် ရိုဟင်ဂျာ ၁၈ဦးကို ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်း သိရသည်။