၂၀၂၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာ လအထိ မြန်မာနိုင်ငံတစ်ဝန်းတွင် မီးလောင်မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦး သေဆုံး

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာ လအထိ မြန်မာနိုင်ငံတစ်ဝန်းတွင် မီးလောင်မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦး သေဆုံး
Published 19 November 2024

 

စက်တင်ဘာ ၁၈ ရက် ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များက ငြိှမ်းသတ်နေစဉ် (ဓာတ်ပုံ - MFSD)

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံတစ်ဝန်းတွင် မီးလောင် မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦး သေဆုံး  ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလ အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် မီးအမျိုးအစား အလိုက် မီးဖိုမီး ၁၄၇ ကြိမ်၊ ပေါ့ဆမီး ၂၆၈ ကြိမ်၊ အလိုအလျောက်မီး ၁၇ ကြိမ်၊ လျှပ်စစ် မီး ၃၅၂ ကြိမ်၊ မသမာသူရှို့မီး ၆၁ ကြိမ်၊ တော မီး ၆၂ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၄၃ ကြိမ်၊  မိုးကြိုးပစ် တစ်ကြိမ်၊ စုံစမ်းဆဲ နှစ်ကြိမ်၊ စုစု ပေါင်း မီးလောင်မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုများကြောင့် အိမ် ခြေအဆောက်အအုံ ၃၆၅၁ လုံးတွင် စက်ရုံ/ အလုပ်ရုံ ကိုးလုံး၊ ဂိုဒေါင် ၄၄ လုံး မီးလောင်ခံ ခဲ့ရကြောင်း၊ မီးဘေးသင့်ပြည်သူ ၈၅၅၄ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ မီးလောင်မှုများ ကြောင့် လူ ၇၆ ဦး သေဆုံးပြီး ၉၀ ဦး ဒဏ်ရာ  ရရှိကာ တိရစ္ဆာန် ၅၈၉ ကောင် သေဆုံးပြီး  ကျပ် ၇၈၃၉ ဒသမ ၃၉၄ သန်းခန့် ဆုံးရှုံးခဲ့ ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မီးလောင်မှုများတွင် ‘မီးဖိုမီး၊ လျှပ်စစ်မီး၊ ပေါ့ဆမီး’ များသည် အများဆုံးတွေ့ရှိရသော အချက်များဖြစ်သည့်အတွက် မီးဖိုမီးကြောင့် ဖြစ်ပွားတတ်သော မီးလောင်မှုများ မဖြစ်ပေါ် စေရေးအတွက် မီးဖိုအနီး လူစောင့်ထားရှိခြင်း၊  လောင်စာဆီများ မထားကြရန်နှင့် အိုမင်းမ စွမ်းသူများ၊ ကလေးငယ်များအား မီးမွှေးခြင်း၊ ထမင်းချက်ခြင်း၊ ရေနွေးကျိုခြင်းများ မပြုလုပ် ခိုင်းခြင်း၊ မီးဖိုနံဘေးနှင့် အမိုး/နံရံအကြား  လုံလောက်သော အပူခံအကာအရံများ ထား ရှိစေခြင်းဖြင့် မီးလောင်မှုမှ ကင်းဝေးစေမည် ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက အဆိုပါ  ထုတ်ပြန်ချက်ထဲတွင် အကြံပြုထားသည်။

မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာ ကွယ်မှုအတွက် အိမ်တိုင်းတွင် ကနဦးလုပ် ဆောင်ရန်အနေဖြင့် နှစ်ကာလရှည်ကြာ၍  ဟောင်းနွမ်းဆွေးမြည့်နေသည့် လျှပ်စစ်ဝိုင် ယာကြိုးများ လဲလှယ်ထားခြင်း၊ လျှပ်စစ်ဒဏ် ခံကြိုး (Fuse) များကို ဝန်နှင့်အားမျှတအောင်  သုံးစွဲခြင်း၊ လျှပ်စစ်မီးဖို၊ မီးပူများ သုံးစွဲပြီးလျှင်  (သို့မဟုတ်) လျှပ်စစ်မီးပျက်လျှင် မီးခလုတ် ပိတ်ပြီး ပလပ်ခေါင်းဖြုတ်ထားခြင်း၊ လျှပ်စစ် ဝိုင်ယာရှော့ဖြစ်လျှင် ပင်မ (မိန်း) ခလုတ်ပိတ် ပြီး ခြောက်သွေ့သောအဝတ်၊ ပိတ်စတို့ဖြင့် ရိုက်ပုတ်ငြိှမ်းသတ်ခြင်း၊ ချွတ်ယွင်းနေသော လျှပ်စစ်ပစ္စည်းကိရိယာများ အသုံးမပြုကြရန်  နှင့် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်များအပေါ် လိုက်နာခြင်းအားဖြင့် မီး ဘေးကာကွယ်ရေးအသိဖြင့် ကြိုတင်ဆောင် ရွက်စီမံထားမည်ဆိုပါက ပေါ့ဆမီးကြောင့်  ဖြစ်ပွားတတ်သော မီးလောင်မှုများကို လျော့ နည်းစေမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက အဆိုပါ ထုတ်ပြန်ချက်၌ အကြံပြုထားသည်။

Most Read

Most Recent