မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်အား  ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများသို့ အပန်းဖြေခရီးသွားလိုသော ခရီးသည်များအဆင်ပြေစေရန် အချိန်ပြောင်းလဲပျံသန်းပေးမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်အား  ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများသို့ အပန်းဖြေခရီးသွားလိုသော ခရီးသည်များအဆင်ပြေစေရန် အချိန်ပြောင်းလဲပျံသန်းပေးမည်
Published 25 October 2024

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ် အား  ချောင်းသာကမ်းခြေနှင့် ငွေဆောင် ကမ်းခြေများသို့ အပန်းဖြေခရီးသွားလိုသော ခရီးသည်များအဆင်ပြေစေရန် အချိန် ပြောင်းလဲပျံသန်းပေးမည်ဖြစ်ကြောင်း သိရသည်။                  

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပွင့်လင်းရာသီကာလတွင် အပန်းဖြေခရီးထွက်မည့် ခရီးသွားများအတွက် စီစဉ်ပျံသန်းလျက်ရှိသည့် ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်အား ချောင်းသာကမ်းခြေနှင့် ငွေဆောင် ကမ်းခြေများသို့ အပန်းဖြေခရီးသွားမည့် ခရီး သွားများအတွက် အဆင်ပြေနိုင်ဆုံးသော အချိန်ဖြစ်စေရန် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ လေယာဉ်အချိန်များကို နေ့လည်ပိုင်း အချိန်သို့ ပြောင်းလဲပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ် အား အပတ်စဉ် တနင်္ဂနွေနှင့် တနင်္လာနေ့ များတွင် ပုံမှန်ခရီးစဉ်အနေဖြင့် ATR 72 -600 လေယာဉ်ဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ အဆိုပါခရီးစဉ်သစ်အား တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့မှ ပုသိမ် မြို့သို့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် စတင်ထွက် ခွာပြီး ပုသိမ်သို့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း ၊ပုသိမ် မြို့မှ ၁၂ နာရီ ၂၅ မိနစ်တွင်  ထွက်ခွာပြီး၊ ညောင်ဦးသို့ နေ့လည် ၂ နာရီ ၁၀ မိနစ်တွင် လည်းကောင်း၊ ညောင်ဦးမြို့မှ နေ့လည် ၂ နာရီ ၂၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးမြို့သို့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

တနင်္လာနေ့တွင် မန္တလေး-ညောင်ဦး-ပု သိမ်-ရန်ကုန်ခရီးစဉ်များကို မန္တလေးမှ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့  ညနေ ၂ နာရီ  ၅၅မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ညနေ ၃နာရီ မိနစ် ၁ဝမိနစ်တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ ၄နာရီ ၅၅မိနစ်တွင် လည်းကောင်း၊ ပုသိမ်မှ ၅နာရီ ၁ဝမိနစ် တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၅နာရီ ၅၀ မိနစ် တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းခရီးစဉ် သတ်မှတ်ထားသော စျေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ ကျပ် ၁၆၀၀၀၀၊ ပုသိမ်မှ ညောင်ဦးသို့  ကျပ်၁၉၀၀၀၀၊ မန္တလေး မှ ညောင်ဦးသို့ ကျပ် ၁၁၀၀၀၀၊ ရန်ကုန်မှ ညောင်ဦးကျပ် ၂၉၀၀၀၀ ၊ မန္တလေးမှ ပုသိမ်သို့ ငွေကျပ် ၃၆ဝဝဝဝသတ်မှတ်ထားကြောင်း သိရသည်။

ဝန်ဆောင်မှုများအနေဖြင့် Baggage Allowance,7kg Allowance,Meal or Snack boxများ ပါဝင်မည်ဖြစ် ကြောင်း သိရသည်။                            

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်ပခရီးစဉ်တစ်ခုဖြစ်သည့် ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား ATR 72 -600 လေယာဉ် ဖြင့်ပျံသန်းနေပြီး ခရီးစဉ်တစ်ကြောင်းစာအား ကျပ် ၇၀၀၀၀၀ ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-ချင်းမိုင်-ရန်ကုန်ခရီးစဉ်ကို အ ပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းနေခြင်းဖြစ် သည်။