YUPT အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမြတ် ငွေကျပ် ၂ ဒသမ ၆၃၃ ဘီလီယံကျော် စတင်ရရှိခဲ့ပြီး ရှယ်ယာရှင်များကို လာမည့် သုံးနှစ်ကျော်ခန့်မှသာ အမြတ်ဝေစု ထုတ်ပေးနိုင်မည်

YUPT အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမြတ် ငွေကျပ် ၂ ဒသမ ၆၃၃ ဘီလီယံကျော် စတင်ရရှိခဲ့ပြီး ရှယ်ယာရှင်များကို လာမည့် သုံးနှစ်ကျော်ခန့်မှသာ အမြတ်ဝေစု ထုတ်ပေးနိုင်မည်
Published 24 October 2024

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT)အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမြတ်‌ငွေကျပ် ၂ ဒသမ ၆၃၃ ဘီလီယံကျော် စတင်ရရှိခဲ့ပြီး ရှယ်ယာရှင်များကို လာမည့် သုံးနှစ်ကျော်ခန့်မှသာ အမြတ်ဝေစု ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း  YUPT ဥက္ကဋ္ဌဦးအောင်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ Sky Star Hotel တွင် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT) ၏ အထူးအထွေထွေအစည်းအဝေးနှင့်

ပ ဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အထက်ပါအတိုင်း‌ပြောကြားခဲ့ခြင်းဖြစ်သည်။

YUPT ကုမ္ပဏီအနေဖြင့် စတင်တည်ထောင်စဉ်ကတည်းက ခုနစ်နှစ်တာကာလအတွင်အရှုံးများ ဆက်တိုက်ပေါ်ခဲ့သော်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်အမြတ်ထွက်ခဲ့‌ကြောင်း နောက်နှစ်များတွင်လည်း အမြတ်ငွေများရရှိလာမည်ဖြစ် စတင်အမြတ်ထွက်ခဲ့‌ကြောင်း နောက်နှစ်များတွင်လည်း အမြတ်ငွေများရရှိလာမည်ဖြစ်‌ကြောင်း YUPT ဥက္ကဋ္ဌဦးအောင်ဝင်းက ပြောကြားသည်။

" ကျွန်တော်တို့ YUPT ကုမ္ပဏီကတော့ စတင်တည်ထောင်စဉ်ကတည်းက ခုနစ်နှစ်ကာလအတွင်းမှာတော့ ဆက်တိုက်အရှုံးပေါ်ခဲ့ပါ တယ်။  ဒါပေမဲ့ကျွန်တော်တို့အဖွဲ့ တာဝန်ယူပြီး နောက်ပိုင်းမှာ ဒီ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ

အမြတ်စထွက်ပါပြီ။ 2.633 ဘီလီယံ အမြတ်စထွက်ပါပြီ။ ဒါ‌ကြောင့်မို့ ဒီကရှေ့လျှောက်လည်း ကျွန်တော်တို့ ကုမ္ပဏီက အရှုံးဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်တော့ပါဘူး။ နှစ်တိုင်း ကျွန်တော်တို့က အမြတ်တွေ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအစုရှယ်ယာရှင် အမြတ်တွေပေါ်တဲ့အခါမှာ ဒီအမြတ်ငွေအားလုံးကို ခွဲပေးလို့ မရသေးဘူးဆိုတာက စာရင်းစစ်ရဲ့ အကြံပြုချက်အရ ယခင်ရှေ့ကာလ သုံးနှစ်မှာ ရှုံးခဲ့တဲ့အရှုံးသည် ၂၈ ဘီလီယံကျော်ရှိပါတယ်။ ဒါ‌ကြောင့်မို့ အမြတ်ငွေ ၂ ဒသမ ၆ ဘီလီယံ အမြတ်ကို ပြန်နှုတ်လို့ရှိရင် အရှုံးက ၂၅ ဒသမ ကျော်ကျော်လောက်ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၂၅ ဒသမ ဘီလီယံ‌လောက် အရှုံးကျေပြီးသွားရင်တော့ အမြတ်က စတင်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်ခန့်မှန်းရရင်တော့ နောက်ထပ် သုံးလေးနှစ်လောက်ဆိုရင်‌ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်" ဟု YUPT

ဥက္ကဋ္ဌဦးအောင်ဝင်းက ပြောကြားသည်။

ထို့အပြင် AYA Bank သို့ Foton ယာဉ် ၂၀၀ စီး ချေးငွေ၏ အရင်းကျပ် ၄ ဒသမ ၈၄၇ ဘီလီယံနှင့် အတိုးငွေကျပ် ၂ ဒသမ ၇၆၈ ဘီလီယံ စုစုပေါင်းငွေကျပ် ၇ ဒသမ ၆၁၅ ဘီလီယံကို ပေးဆပ်နိုင်ခဲ့‌ကြောင်း ၎င်းက ဆက်လက်‌ပြောကြားသည်။

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT)ကို  ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့ ‌ကြောင်း သိရသည်။

Most Read

Most Recent