ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်တွင် လမ်းဘေးဓာတ်တိုင်ကို ကားဝင်တိုက်ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခြောက်ဦး ၊ ထိုင်းနိုင်ငံသား ယာဉ်မောင် တစ်ဦး စုစုပေါင်း ခုနစ်ဦးသေဆုံးခဲ့ကြောင်း Thai PBS သတင်းတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ထိုင်းနိုင်ငံ Nakhon Pathom ခရိုင်တွင် မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ပစ်ကပ်ထရပ်ကားတစ်စီးမှာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။
အခင်းမဖြစ်မီက ထရပ်ကားမောင်းနှင်သူမှာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြောင်း၊ ယင်းထရပ်ကားမှာ ဓာတ်တိုင်ကို ဝင်တိုက်မိခဲ့ကြောင်း၊ ယင်းသို့ ဝင်တိုက်မိမှုကြောင့် ထရပ်ကားနောက်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသမီး ငါးဦး၊ ကားရှေ့ခန်းတွင် လိုက်ပါလာသည့် ထိုင်းနိုင်ငံသား ယာဉ်မောင်းနှင့် မြန်မာနိုင်ငံသားအမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
သေဆုံးသူများနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း၊ သေဆုံးသူများနှင့် ပတ်သက်ပြီး ဆွေမျိုးများကို ဆက်သွယ်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်မည်ဖြစ်ကြောင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသည့် ထိုင်းရဲတပ်ဖွဲ့မှ ရဲမှှုးကြီး ပရာချာယာဘူရာနတ်က ပြောသည်ဟု သတင်းတွင် ဖော်ပြထားသည်။
သက်ဆိုင်ရာမှစစ်ဆေးသည်ကိုမခံဘဲထွက်ပြေးပြီးယာဉ်တိမ်းမှောက်ခြင်း၊တရားမဝင်လုပ်သား အသက်သေဆုံးခြင်းဖြစ်သည့်အတွက် လျော်ကြေးနစ်နာကြေးမရနိုင်ကြောင်း။အသက်ကိုအလောင်းအစားလုပ်ပြီးကြိုးတန်းလမ်းလျှောက် မစွန့်စားသင့်ကြောင်းနှင့် ပွဲစားစကားနားမယောင်ကြဖို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဌ ဦးမိုးကြိုးကပြောသည်။
ထိုင်းနိုင်ငံအလယ်ပိုင်းနခေါပထုံခရိုင် ဗန်လင်းနယ်မြေမှာ ဖြစ်တာပါ။လမ်းဘေးထိုးကျ တိမ်းမှောက်သွားတာ။ အခင်ဖြစ်နေရာမှာသေဆုံးတာကတော့ ၇ဦး။ထိုင်းတစ်ဦး၊မြန်မာ ၆ဦး။သက်ဆိုင်ရာကစစ်ဆေးတာမခံဘဲ ထွက်ပြေးပြီးတော့ ခုလို အဖြစ်ဆိုးအနိတ္ထာရုံ နဲ့ကြုံရတာပေါ့ဗျာ။ဒီလိုဖြစ်စဉ်မျိုးကိုတော့ ထိုင်းဥပေဒအရလျော်ကြေးတွေ၊နစ်နာကြေးတွေတော့ရပိုင်ခွင့်မရှိဘူး၊သို့ပေမဲ့ ထိုင်းနိုင်ငံ အမြန်လမ်းအဝေးပြေးလမ်းဌာနကိုဖြစ်စေ၊ကုန်းလမ်းပို့ဆောင်ရေးဌာနကိုဖြစ်စေ ထိုင်းလူ့အခွင့်အရေးဖောင်ဒေးရှင်း HRDF ကတဆင့် အသနားခံစာတင်ရင်တော့ သဂြိုစရိတ်တော့ရလောက်တယ်။တရားမဝင်လုပ်သားတွေဆိုတော့ ခိုင်လုံတဲ့အေထာက်အထားမရှိတဲ့ခါကျ တော့ လူမှုကရုဏာကြေးရအောင်တောင်းဆိုရမှာပေါ့။ဘာဘဲဖြစ်ဖြစ် အိမ်နီးချင်းထိုင်းနိုင်ငံကို အသက်ကိုအလောင်းအစားလုပ်ပြီးကြိုးတန်းလမ်းလျှောက်ပုံစံမျိုးနဲ့ စွန့်စားမှုမျိုးမလုပ်ကြပါနဲ့။ပွဲစားတွေစကားကိုနားမယောင်မိဖို့ကိုလည်းအနူးအညွတ် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်"ဟု ဦးမိုးကြိုးကပြောသည်။
သေဆုံးသူများမှာ အမျိုးသား၂ဦး အမျိုးသမီး၅ဦးတို့ဖြစ်ကြောင်းသိရသည်။
ယခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူမြန်မာလုပ်သား၃၀ ခန့်ရှိကာ ဒဏ်ရာပြင်းထန်စွရရှိခဲ့သူ ၉၀ ခန့်ရှိကြောင်းလည်းဦးမိုးကြိုးကပြောကြားခဲ့သည်။