MNDAA အဖွဲ့ခေါင်းဆောင် ဖုန်တာရွှင် တရုတ်နိုင်ငံ ယူနန်တွင်ဆေးကုသမှုခံယူနေခြင်းသာဖြစ်ဟု တရုတ်ပြောကြား

MNDAA အဖွဲ့ခေါင်းဆောင် ဖုန်တာရွှင် တရုတ်နိုင်ငံ ယူနန်တွင်ဆေးကုသမှုခံယူနေခြင်းသာဖြစ်ဟု တရုတ်ပြောကြား
Published 19 November 2024
Ref: South China Morning Post

MNDAA အဖွဲ့ခေါင်းဆောင် ဖုန်တာရွှင်သည် ယူနန်တွင်ဆေးကုသမှုခံယူနေခြင်းသာဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ကျန်းက ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရပုဂ္ဂိုလ် လင်ကျန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကိုးကန့်(MNDAA)အဖွဲ့ခေါင်းဆောင် ဖုန်တာရွှင်သည် တရုတ်အနောက်တောင်ပိုင်း ယူနန် ပြည်နယ်တွင် ဆေးကုသမှုခံယူနေသည်ဟု တရုတ်က ပြောကြားကာ ၎င်းကို နေအိမ်အ ကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသည်ဆိုသော သတင်းများကို တုံ့ပြန်ခဲ့သည်။ 

“ MNDAA ရဲ့ခေါင်းဆောင် ဖုန်တာရွှင်ဟာ ဆေးကုသမှုခံယူဖို့အတွက် တရုတ် ကိုလာဖို့ အရင်တုန်းက လျှောက်ထားခဲ့ပါ တယ်။ အခု ဆေးကုသမှုခံယူနေပြီး ထူထူ ထောင်ထောင်ဖြစ်အောင်လုပ်နေပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လင်ကျန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဖုန်တာရွှင်ကို လွန်ခဲ့သောလ၏ လကုန်ပိုင်းတွင် အကြီးတန်း တရုတ်တာဝန်ရှိသူနှင့် တွေ့ဆုံရေးအတွက် ဆင့်ခေါ်ပြီးကတည်းက ၎င်းင်းကိုယူနန်တွင် ထိန်းသိမ်းထားခဲ့သည်ဟု မြန်မာသတင်းဌာနအချို့က သတင်းဖော်ပြခဲ့သည်။ 

ထို့ပြင်  ဖုန်တာရွှင်သည် ယူနန်ပြည်နယ်တွင်နေထိုင်စဉ် မြန်မာနိုင်ငံရှိ၎င်းင်း၏တပ်မှူးများနှင့် ဖုန်းအ ဆက်အသွယ်ရှိနေသည်ဟုလည်း ယင်းသတင်းများတွင် ဖော်ပြထားသည်။

MNDAA သည် လွန်ခဲ့သောနှစ်က မြန်မာတပ်မတော်ကို  ပူးပေါင်းတိုက်ခိုက်ခဲ့သော မြောက်ပိုင်းညီနောင်သုံးဖော်ထဲမှ တစ်ဖွဲ့ဖြစ်သည်။ 

ဖုန်တာရွှင်သည် ၂၀၀၉ ခုနှစ်ကတည်းက MNDAA တပ်မှူးအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းတပ်မှူးဖြစ်သည့်နှစ်နှင့် တစ်နှစ်တည်းတွင် MNDAA နှင့် တပ်မတော်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည်။ 

ယင်းတိုက်ပွဲအပြီးတွင် MNDAA သည် ယူနန်နှင့် ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ ကိုးကန့်ဒေသကို ထိန်းချုပ်မှုအား လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ 

၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲတွင် MNDAA သည် ကိုးကန့်ဒေသကို အပြည့်အဝ ပြန်လည်ထိန်းချုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ 

MNDAA၊ TNLA နှင့် AA အဖွဲ့တို့အား အကြမ်းဖက်အုပ်စုအဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် မြန်မာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားသည်။

 

Most Read

Most Recent