နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက် ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီး အကဲ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ဒေါက်တာ ညွန့်ဖေနှင့် ဒေါက်တာ သက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရား တီးရားပြည်နယ်အကြီးအကဲ ဘူရားတီးရား ပြည်နယ်အစိုးရဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ ဘူရားတီးရားပြည်နယ် ဒုတိယ အကြီးအကဲ၊ ကျန်းမာရေးဝန်ကြီး Mrs. Ludupova Evgeniia lurevne နှင့် ကိုယ်စား လှယ်အဖွဲ့များ တက်ရောက်ကြကြောင်း သိရ သည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာ နစက ဥက္ကဋ္ဌ က ကြိုဆိုနှုတ်ခွန်းစကားပြောကြားရာ၌ ရုရှား နိုင်ငံ ဘူရားတီးရားပြည်နယ်သည် မိမိတို့နိုင်ငံ နှင့်ထူးခြားသော ဆက်ဆံရေးရှိသည့် ပြည်နယ် တစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက် လည်ပတ်မှု အတွက် ကြိုဆိုဂုဏ်ပြုပါကြောင်းဖြင့် ပြော ကြားသည်။
ထို့နောက် ဘူရားတီးရားပြည်နယ် အ ကြီးအကဲ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌ က ယခုကဲ့သို့ သာယာလှပသည့် မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခွင့်ရ သည့်အတွက် မိမိအနေဖြင့် များစွာဂုဏ်ယူမိ ပါကြောင်း၊ လာရောက်လည်ပတ်သည့်အချိန် တွင်လည်း မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်း မှုနှင့် သာယာလှပမှုများကို များစွာခံစားမိပါ ကြောင်း၊ မိမိတို့ကိုယ်စားလှယ်အဖွဲ့ ရောက် ရှိလည်ပတ်ချိန်များ၌လည်း မြန်မာနိုင်ငံအစိုး ရတာဝန်ရှိသူများနှင့် မြန်မာပြည်သူများ၏ ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုမှုနှင့် အထူးဧည့် ဝတ်ကျေပွန်မှုများကိုလည်း မြင်တွေ့ရသည့် အတွက် မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့် ရင်း နှီးနွေးထွေးသောဆက်ဆံရေးရှိသည့် ခံစားမှု များကိုရရှိပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုး တက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည် ပတ်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ တွင် စပါး၊ ဆီထွက်သီးနှံနှင့် ပဲများကို အဓိက ထား စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးလုပ် ငန်းများအတွက် လိုအပ်သည့် သဘာဝမြေသြ ဇာများ ထုတ်လုပ်နိုင်ရေး စက်ရုံများတည် ဆောက်လျက်ရှိမှုအခြေအနေများ၊ ဆီထွက် သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးမှုတိုးတက်စေ ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအ နေများအား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံမှထွက်ရှိသည့် သစ် တောထွက်ပစ္စည်းများဖြင့် သစ်ပါးလွှာနှင့် ပျော့ဖတ်များ ထုတ်လုပ်နိုင်သည့် အခြေအနေ များ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါစိုက် ပျိုးမှုတိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ကုန်ကြမ်း များကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေး ပူး ပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများတွင် နည်းပညာ မြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေ အနေများ၊ တွင်းထွက်ပစ္စည်းထုတ်လုပ် မှုလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် နည်း ပညာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍများ ဖွံ့ ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိ မှုအခြေအနေများနှင့် တိုက်ရိုက်လေကြောင်း ပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ် များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာတော်သင်များ စေလွှတ်ရေးနှင့် ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍတွင် ဆောင်ရွက်မှုများ ပိုမို မြှင့်တင်ဆောင်ရွက် နိုင်သည့်ကိစ္စရပ်များ၊ ဘာသာရေးနှင့် ယဉ် ကျေးမှုဆိုင်ရာများတွင် အပြန်အလှန်ဖလှယ် ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်၏ နိုင်ငံ ရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုအခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ်အ ကြီးအကဲ ဘူရားတီးရား ပြည်နယ်အစိုးရဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံသို့ရောက် ရှိခဲ့ပြီး ရောက်ရှိနေချိန်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် အ ထင်ကရနေရာများ၊ ဧရာဝတီတိုင်းဒေသကြီး ရှိ ချောင်းသာကမ်းခြေနှင့် အထင်ကရနေရာ များသို့ သွားရောက်လေ့လာလည်ပတ်ခဲ့ပြီး ဆက်လက်၍လည်း မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့ လာလည်ပတ်သွားမည်ဖြစ်ကြောင်း သိရ သည်။