အခုတစ်ပတ်မှာ နိုင်ငံတကာပွဲတွေကြောင့် ကလပ်အသင်းပွဲစဉ်တွေ အရှိန်တန့်သလိုဖြစ်ခဲ့ရပေမယ့် ဒီတစ်ကြိမ်ပြီးရင် လာမယ့် ၂၀၂၅ မတ်လအထိနိုင်ငံတကာပွဲစဉ်တွေ ရပ်နားတော့မှာဖြစ်လို့ ကလပ်အသင်းတွေရဲ့ ရသစုံတဲ့ပြိုင်ဆိုင်မှုတွေကို မရပ်မနားမြင်တွေ့ခံစားရတော့မှာပါ။ ဒါ့ပြင် ကလပ်အသင်းတွေရဲ့အားပြိုင်မှုနဲ့အတူ ထိပ်တန်းအဆင့်ကြယ်ပွင့်ကစားသမားတွေရဲ့ တစ်ဦးချင်းဆုတံဆိပ်တွေအတွက် တိုက်ပွဲဝင်မှုကလည်း ဥရောပဘောလုံးရပ်ဝန်းရဲ့ အားပြိုင်မှုတွေကို ပိုပြီးမီးစာမြှင့်ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကလပ်အသင်းတွေ၊ ကစားသမားတွေရဲ့အားပြိုင်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီးအရာရာပြောဖို့၊ ဆုံးဖြတ်ဖို့စောနေသေးပေမယ့် ပွဲစဉ်တစ်ပွဲချင်းအလိုက်ရော၊ ရာသီကုန်အထိပါစိတ်ဝင်တစားစောင့်ကြည့်ရဖို့ရှိနေတာက တစ်ဦးချင်းဆုတံဆိပ်တစ်ခုဖြစ်တဲ့ ဥရောပရွှေဖိနပ်ဆု (ESM) အတွက် ပြိုင်ဆိုင်မှုပါပဲ။ ဥရောပထိပ်တန်းလိဂ်တွေရဲ့ ရွှေဖိနပ်ဆုဆိုတာ တိုက်စစ်မှူးတိုင်းရဲ့အိပ်မက် ဖြစ်ပြီး၊ ဥရောပရွှေဖိနပ်ဆုကတော့ ပြိီးပြည့်စုံသော အောင်မြင်မှုဖြစ်စေပါလိမ့်မယ်။
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















