ဗြိတိန်နိုင်ငံရေးသမားနဲ့ လွှတ်တော်အမတ် ခရစ်ဘရန့်က ၂၀၁၉ ခုနှစ်လောက်ကတည်းက အေဘရာမိုဗစ်ခ်ျကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုဖူးတယ်။ အေဘရာမိုဗစ်ခ်ျနောက်ကွယ်က အကျင့် ပျက်ခြစားမှုတွေကြောင့် ဗြိတိန်မှာ ရင်းနှီးမြှုပ်နှံခွင့် မရသင့်ဘူးလို့ ပြောခဲ့တာပါပဲ။ ဗြိတိန်ရဲ့ Senior Minister မာ့ခ်စပန်ဆာကလည်း အကျင့်ပျက်ခြစားမှုတွေနဲ့ သံသယဝင်ချင်စရာကောင်းတဲ့ ရုရှားလုပ်ငန်းရှင်တွေကို ထိထိရောက်ရောက် အရေးယူပါဆိုပြီး တိုက်တွန်းခဲ့တယ်။ အေဘရာမိုဗစ်ခ်ျနောက်ကွယ်က အကျင့်ပျက်ခြစားမှု၊ ရုရှားသမ္မတ ပူတင်နဲ့ ဆက်နွယ်မှုတွေအကြောင်း အရေးယူလို့ရလောက်တဲ့အထိ စာရွက်စာတန်းတွေနဲ့ တင်ပြပေမဲ့ ဖြစ်မလာခဲ့ဘူး။ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက် ဗြိတိန်က ပူတင်နဲ့ ဆက်နွယ်တဲ့ ရုရှား ဘီလျံနာသုံးဦးကို စီးပွားရေးပိတ်ဆို့အရေးယူမှု လုပ်ပေမဲ့ အေဘရာမိုဗစ်ခ်ျ မပါသေးဘူး။ ခရစ်ဘရန့်က အေဘရာမိုဗစ်ခ်ျကိုလည်း ခပ်မြန်မြန် အရေးယူပါလို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ အေဘရာမိုဗစ်ခ်ျကို ချယ်လ်ဆီးအသင်းပိုင်ရှင်အဖြစ်ကနေ ဖယ်ရှားဖို့၊ အေဘရာမိုဗစ်ခ်ျရဲ့ ဗြိတိန်အခြေစိုက် ပိုင်ဆိုင်မှုတွေ သိမ်းဖို့လည်း တောင်းဆိုခဲ့တယ်။
အေဘရာမိုဗစ်ခ်ျနဲ့ ပူတင် ပေါင်းဖက်ကတဲ့ ပြဇာတ် ၃
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
1 hour ago
1 hour ago
11 hours ago
11 hours ago