ရွှေကူမြို့အထက်ပိုင်းမှ ကျေးရွာများ၏ မြစ်ကမ်းနံဘေး ယာမြေများနှင့် ကျေးရွာအနီးတွင် ရွှေဖောင်အများအပြား ရွှေတူးဖော်မှုများ ပြုလုပ်နေ

ရွှေကူမြို့အထက်ပိုင်းမှ ကျေးရွာများ၏ မြစ်ကမ်းနံဘေး ယာမြေများနှင့် ကျေးရွာအနီးတွင် ရွှေဖောင်အများအပြား ရွှေတူးဖော်မှုများ ပြုလုပ်နေ
​​​​​​​ရွှေတူးဖော်သည့်စက်လှေများကို တွေ့ရစဉ်
​​​​​​​ရွှေတူးဖော်သည့်စက်လှေများကို တွေ့ရစဉ်
Published 10 November 2024

ကချင်ပြည်နယ် ရွှေကူမြို့အထက်ပိုင်း မှကျေးရွာများ၏ ယာမြေများနှင့် ကျေးရွာအ နီးတွင် ရွှေဖောင်အများအပြား  ရွှေတူးဖော်နေ ခြင်းကြောင့် ကျေးရွာများ ပြောင်းရွှေ့ရမည့်အန္တရာယ်ရှိနေကြောင်း ဒေသခံများက ပြော ကြားသည်။

ရွှေဖောင်များမှာ ရွှေထွက်များသည့် ကျွန်းတော်ဘုရားအထက်ပိုင်း ကျောက်တန်း ကြောတွင် မောင်းထုတ်လိုက် ပြန်လာလိုက် ဖြစ်နေပြီး လက်ရှိတွင် ယာမြေများကို ဝယ်ယူ တူးဖော်မှုများ ပြုလုပ်နေကြောင်း ငါးဘတ်ဝ ရွာသားတစ်ဦးက ပြောကြားသည်။

“မြစ်ဘေးယာခင်းတွေသာမကဘူး မြစ် ကမ်းဘေး အိမ်ဝင်းတွေပါ ကျပ်သိန်းငါးရာ၊ တစ်ထောင်ခေါ်ပြီး ရောင်းဝယ်နေကြပြီ။ ငါး ဘတ်ဝပါသွားရင် ရွှေကူမြို့ကို ကမ်းပါးတွေလိုက်ပြိုကုန်မှာပေါ့။ အခုရွှေဖောင်တွေက တစ်ရက်လောက်လုပ်ရင်ကို မြစ်ကြောင်းကို ပြောင်းပြန်လှန်နေတာ။ အရင်က စက်မျိုးမဟုတ်ဘူး။ ၁၆ လက်မ အဝင်အထွက်နဲ့ တွယ် နေကြတာ” ဟု ဆိုသည်။

KIA နှင့် PDF စသည့်  လက်နက်ကိုင်အ ဖွဲ့များကလည်း အခွန်ရရှိရေးသာ အဓိကဖြစ်နေကြောင်း ရွှေလုပ်ငန်း လုပ်ဆောင်နေသူ များက ဆိုသည်။

“လက်နက်ကိုင်ကို  တပ်က (တပ်မတော်)က မထိန်းနိုင်တော့ တစ်ဖက်တည်း အခွန်ကောက်နေတာ။ ကျပ်သိန်း ၂၀၀ နဲ့ ရွှေနှစ်ပိဿာတောင်းတာ။ ရင်းနှီးငွေက ကျပ်သိန်း ပေါင်း တစ်သောင်းနှစ်ထောင်လောက် စျေး ပေါက်သွားတယ်။ အရပ်သားကိုက ကြောက်စရာမရှိဘူး။ လက်နက်ကိုင်နဲ့ အဆင်ပြေရင်ရတယ်။ ကြောက်ရတာက လေကြောင်းတို့ ဘာတို့ပါလာရင် ဘယ်သူမှမတတ်နိုင်ဘူး။ တချို့ လည်း မရင်းနှီးရဲကြဘူး။ ရက်၂၀ လောက် ကောင်းကောင်းမောင်းရရင် မြတ်တယ်။ ဒီကြားထဲ ဖျက်ဆီးခံရရင် ဘဝပျက်ပြီလေ” ဟု ရွှေလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးက ပြောကြားသည်။

၂၀၂၂ ခုနှစ်က စုံစမ်းချက်များအရ ရွှေမှော်စက်လှေများနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ မောင်းခွင့်ရရန်အတွက် မုန်စုပ်စက် (မြစ်ထဲမှ သဲကျောက်စုပ်ယူသည့် စက်) အကြီးအသေးပေါ် မူတည်ကာ ငွေ ကောက်ခံနေကြောင်း၊ ၁၂ လက်မ ဝင်ထွက် ဗြုန်းအိုးဖြစ်ပါက တစ်လလျှင် ကျပ်သိန်း ၁၂၀၊ ၁၀ လက်မဖြစ်ပါက ကျပ်သိန်း ၁၀၀၊ ရှစ်လက် မဖြစ်ပါက ကျပ်သိန်း ၈၀ ကောက်ယူကြောင်း၊ ရွှေမျှောမောင်းရမည်ဆိုပါက တစ်ပတ်ကြို တင် ငွေပေးသွင်းကြရကြောင်း၊ လက်နက်အ ဖွဲ့များနှင့် နီးစပ်ရာ အုပ်ချုပ်သူများထံ ဆတူ ပေးကြရကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း လအနည်းငယ်အကြာတွင် ဧရာဝတီမြစ် ကြောင်းအတွင်း တရားမဝင် ရွှေတူးသူများ ဖြင့် ပြည်နှက်သွားခဲ့သည်။ မြစ်ကြီးနားမြို့ အထက်ပိုင်း၊ မြစ်ဆုံဝန်းကျင်၊ မြစ်ကြီးနားမြို့ နှင့် ဆင်ဘိုမြို့ကြားတွင် ထောင်နှင့်ချီသော ရွှေတူးသည့် ဘာလီ (စက်လှေပေါ်တွင် ရှစ် လက်မမှ ၁၀ လက်မ ဗြုန်းအိုးဖြင့် မျှောတိုက် ကာ ရွှေကျင်သည့်စက်လှေ)များ၊ စက်လှေ ငယ်များဖြင့် ရွှေကျင်သူများ၊ ကမ်းပါးမျှော တိုက်သူများဖြင့် ပြည့်နှက်လာခဲ့သည်။

ဘာလီရွှေဖောင်များ လပိုင်းအတွင်း အလွန်အကျွံများလာခြင်းမှာ ယခင်ခရီးသည် တင်ယာဉ်အဖြစ်ပြေးဆွဲသည့် ရှပ်ပြေးမော် တော်များမှာ အလုပ်မရှိသဖြင့် ဘာလီရွှေ ဖောင်အဖြစ် အသွင်ပြောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ရှပ်ပြေးပေါ် နောက်ထပ် စက်တစ်လုံး၊ ပိုက်တစ်လုံးနဲ့ မျှောတိုလေး တင်လိုက်ရင် ရွှေဖောင်ဖြစ်သွားပြီလေ။ ကျွန်တော်တို့ ဗန်း မော်မှာတော့  ရှပ်ပြေးမော်တော် အားလုံး လောက်ကို ရွှေဖောင်ဖြစ်သွားတာ” ဟု ဒေသ ခံတစ်ဦးက ဆိုသည်။

ဧရာဝတီမြစ်အတွင်း  စက်ဖောင်အကြီး စားများ၊  စက်ဖောင်အငယ်စားများဖြင့်  ရွှေ ကျင်မှုများကြောင့်  မြေပြိုကျမှုများ ဖြစ်ပွားခဲ့ ပြီး စိုက်ပျိုးမြေများဧက ရာနှင့်ချီကာ ဆုံး ရှုံးခဲ့ရမှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်

တွင် ပြည်နယ်လွှတ်တော်၌ အဆိုတင်သွင်းခဲ့ ဖူးသည်။

ထွန်းလင်းအောင် (မြစ်ကြီးနား)

Most Read

Most Recent