အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီအဖြစ် BCIM ဆုရရှိပြီး မြန်မာနိုင်ငံ၌ အဆိုပါဆုရရှိသည့် ပထမဆုံး လေကြောင်းလိုင်းအဖြစ် စာရင်းဝင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီအဖြစ် BCIM ဆုရရှိပြီး မြန်မာနိုင်ငံ၌ အဆိုပါဆုရရှိသည့် ပထမဆုံး လေကြောင်းလိုင်းအဖြစ် စာရင်းဝင်
Published 2 October 2024

MAI က မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီအဖြစ် BCIM ဆုရရှိပြီး မြန်မာနိုင်ငံတွင် အဆိုပါဆုရရှိသည့် ပထမဆုံးလေကြောင်းလိုင်းအဖြစ် စာရင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI သည် Jobnet.com.mm မှ စီစဉ် ပြုလုပ်သည့် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန်အကောင်းဆုံးကုမ္ပဏီစစ်တမ်းတွင် ဝန်ထမ်းများမှ လုပ်ငန်းခွင်ဆိုင်ရာ စိတ်ကျေနပ်မှုနှင့် ကုမ္ပဏီနှင့် ဝန်ထမ်းများအကြားချိတ်ဆက်ထားရှိမှုများကို ပါဝင်ဖြေဆို အဆင့်သတ်မှတ်ပေးရာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အဆင့် သတ်မှတ်ချက် အများဆုံးရရှိသည့် ကုမ္ပဏီများတွင် တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုကဲ့သို့ မှတ်တမ်းတင်နိုင်မှုသည် MAI လေကြောင်းလိုင်း၏ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် BCIM စာရင်း ဝင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် BCIM ဆုရရှိသည့် ပထမ ဆုံးလေကြောင်းလိုင်းအဖြစ် သမိုင်းမှတ်တိုင် သစ်နှစ်ခုကို မှတ်တမ်း တင်နိုင်ခဲ့ခြင်းဖြစ် သည်။ 

    

ယခု BCIM ဆုကို ရရှိခြင်းသည် အဓိက လုပ်ငန်းခွင်ဆိုင်ရာ နယ်ပယ် ၇ ခုဖြစ်သည့် ကုမ္ပဏီ၏ရည်ရွယ်ချက်နှင့် နည်းဗျူဟာဆိုင်ရာ ပေါင်းစပ်ကိုက်ညီမှု၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု၊ မိမိ၏အလုပ်အကိုင်၊ အဖွဲ့လိုက် အလုပ်လုပ်ကိုင်မှုနှင့် ဆက်သွယ်မှု၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုနှင့် အလုပ်အကိုင်လမ်း ကြောင်းတိုးတက်မှု အခွင့်အရေးများ၊ အသိအမှတ်ပြုခြင်း၊ ချီးမြှောက်ခြင်းနှင့် အကျိုးကျေးဇူးများ၊ လုပ်ငန်းခွင်အနေအထားများ စသည့်အချက်များ အပေါ်တွင် ဝန်ထမ်းများ၏ ကိုယ်ပိုင်ထင်မြင်သုံးသပ်ချက်များအပေါ် အပြည့်အဝအခြေခံ၍ စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။ အဆိုပါ စစ်တမ်းကို ကမ္ဘာကျော် auditi ၊ assurance 

နှင့် advisory services provider  ဖြစ်သည့် Deloitte Myanmar  မှ အချက်အလက်များကို တိုက် ရိုက်ကောက်ယူစစ်ဆေး၍ ရလာဒ်များကို ပွင့်လင်းမြင်သာစွာ အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ 

‘MAI အနေနဲ့ ဒီဆုကိုရရှိခဲ့တာနဲ့ပတ် သတ်ပြီးကျွန်တော်တို့ အရမ်းဂုဏ်ယူဝမ်း မြောက်မိပါတယ်။ BCIM Awards သမိုင်းမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး လေကြောင်းလိုင်း အဖြစ် စာရင်းဝင်ခဲ့ တာနဲ့အတူ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်အပေါ် အကောင်းမြင်မှု တွေကိုပြန်လည်လက်ခံ ကြားသိရတာ ကလည်း ကျွန်တော်ဝန်ထမ်းတွေရဲ့ အရည်အချင်းတိုးတက်မှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် ကုမ္ပဏီဘက်က ထောက်ပံ့ပေးမှု တွေကို ပြသပေးနေပါတယ်။ ၂၀၂၄ ခုနှစ် အစောပိုင်းကစတင်ပြီး MAI မှ ပြုလုပ်ပေးခဲ့ တဲ့ HR  အစီအစဉ်တွေဖြစ်တဲ့ ရှားပါးစရိတ် TCOLA များအား ပြန်လည်စစ်ဆေးပြီး တိုးပေးခြင်း၊ ဝန်ထမ်းနဲ့ ဝန်ထမ်း မိသားစုများ အတွက် ခရီးသွားအကျိုး ခံစားခွင့်များ၊ လုပ်သက်ရင့်ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း၊ လုပ်ငန်းပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာအောင် အဆင့်မြှင့်တင်ခြင်းနဲ့ နည်းပညာဆိုင်ရာ ပရောဂျက်တွေကို အကောင်အထည်ဖော်ပြီးနောက် ရရှိလာတဲ့ဒီဆုက MAI ရဲ့ ဝန်ထမ်းတွေ အပေါ်မှာ တန်ဖိုးထားမှုတွေကို အတိုင်းသား ပေါ်လွင်စေပါတယ်” လို့ MAI ရဲ့ CEO နှင့် CCO ဖြစ်သည့် Mr. Tanes Kumar မှ ပြောကြားခဲ့သည်။

 

Most Read

Most Recent