ယူရိုပါလိဂ်ပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်ပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်
Photo: Mat Utd
Photo: Mat Utd
Published 7 November 2024

ဂါလာတာစာရေး နှင့် စပါး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ ယန်းဘွိုင်းစ်ကို မထင်မှတ်ဘဲ အရေးနိမ့်ပြီးထွက်ခဲ့ရပေမဲ့ ဂါလာတာစာရေးအသင်းရဲ့ ဒီရာသီ Form က အတော်လေးကောင်းပါတယ်။ ဂါလာတာစာရေအသင်းမှာ မူဆလီရာ၊ ဒါဗင်ဆန်ဆန်းချက်ဇ်၊ တော်ရဲရား၊ အီကာဒီ၊ အိုဆင်မန်၊ မာတင်စ်၊ ဇီယာ့ရှ်၊ ဘတ်ရှူအာယီစတဲ့ နာမည်ကျော်ကစားသမားတွေလည်း များစွာရှိနေတယ်။ စပါးအသင်းက ထထဖောက်တတ်ပေမဲ့ မန်စီးတီး၊ ဗီလာတို့ကို ဆက်တိုက်အနိုင်ကစားထားပြီးနောက် အသင်းလိုက်ယုံကြည်မှုပိုင်းပါ ပိုမိုတိုးတက်လာမှာ သေချာပါတယ်။ တူရကီမြေမှာ စပါး အမှတ်ရလိမ့်မယ်။

ဆန်လွိုက်ဆီ နှင့် ရိုးမား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

စီးရီးအေပြိုင်ပွဲမှာတော့ ရိုးမားအသင်းရဲ့အခြေအနေက သိပ်မဟန်ပါဘူး။ အမှတ်ပေးဇယားမှာလည်း အလယ်နားအထိ ရောက်နေတယ်။ ဒီအနေအထားက ယူရိုပါလိဂ်ပြိုင်ပွဲဘက်ကို ပြန်အာရုံစိုက်လာမလား စောင့်ကြည့်ချင်စရာပါ။ ပြီးခဲ့တဲ့ ယူရိုပါလိဂ် သုံးပွဲမှာတော့ ရိုးမားအသင်းခြေစွမ်းက အားရစရာ မရှိခဲ့ပါဘူး။ ဘယ်လ်ဂျီယံကလပ် ဆန်လွိုက်ဆီကလည်း ပြီးခဲ့တဲ့နှစ်တွေကလို အနေအထားမျိုး မဟုတ်တော့ပါဘူး။ ရိုးမား မရှုံးနိုင်ပါဘူး။

လာဇီယို နှင့် ပေါ်တို (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

လာဇီယိုအသင်းက လက်ရှိအခြေအနေမှာ Rhythm အတော်မိနေတယ်။ နောက်ဆုံကစားခဲ့တဲ့ (၁၀)ပွဲမှာ (၈)ပွဲအထိ အနိုင်ကစားခဲ့ပြီး ရှုံးခဲ့တဲ့(၂)ပွဲကလည်း Own Goal၊ ပယ်နယ်တီတွေနဲ့ ဖြစ်ပါတယ်။ လာဇီယိုနည်းပြ ဘာရိုနီရဲ့ အခုရာ သီ တိုက်စစ်အပြောင်းအလဲက အလုပ်ဖြစ်နေပြီး ကက်စတယ်လာနို့စ်က အဓိကဦးဆောင်နေသလို၊ ပတ်ဒရိုကလည်း ငယ်မူငယ်သွေး ပြန်ပြနေတယ်။ ပေါ်တိုအသင်းကလည်း လာဇီယိုနဲ့ ခြားနားမှုမရှိဘဲ ပြည်တွင်းပွဲတွေမှာ အခြေအနေကောင်းနေတာ တွေ့ရတယ်။ ဥရောပသမ္ဘာသာတဲ့ ပေါ်တို အမှတ်ယူနိုင်စွမ်းရှိတယ်။

မန်ယူ နှင့် PAOK (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

မန်ယူအသင်းက ယာယီနည်းပြ နစ္စတယ်ရွိုင်းလက်ထဲမှာ ရလဒ်ပိုင်းမဆိုးဘူးလို့ ပြောရမယ်။ လိဂ်ဖလားမှာ ဂိုးပြတ်အနိုင်ရခဲ့သလို၊ ချယ်လ်ဆီးကို သရေကျခဲ့ပေမဲ့ အနိုင်ယူနိုင်လောက်တဲ့ အခွင့်အရေးတွေလည်း ရခဲ့တယ်။ ဘယ်လိုပဲပြော ပြော တန်ဟက်ဂ်ခေတ်လွန် မန်ယူအသင်းက ယုံကြည်မှု အနည်းငယ် ပြန်ရှိလာတဲ့ပုံပါပဲ။ ဂရိကလပ် PAOK အသင်းမှာတော့ ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေဖြစ်တဲ့ လိုဗရန်၊ ဘာကာယိုကိုနဲ့ ဘာဘာရာမန်တို့ ရှိနေပြီး မန်ယူမှာ ကစားခဲ့ဖူးတဲ့ ရှိုတိုင်ယာလည်း ရှိနေတယ်။ နိုင်ပွဲလိုနေတဲ့ မန်ယူ ဂိုးပြတ်ဖို့များတယ်။

ဟော်ဖန်ဟင်မ် နှင့် လိုင်ယွန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

လိုင်ယွန်အသင်းက ယူရိုပါလိဂ်မှာ နှစ်ပွဲဆက်တိုက် အနိုင်ရထားပြီးမှ ဘက်ဆစ်တက်အသင်းကို အိမ်ကွင်းမှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တယ်။ လိုင်ယွန်အသင်း လတ်တလောမှာ ရလဒ်ပိုင်း အနည်းငယ်ကျဆင်းလာတာ တွေ့ရတယ်။ ဟော်ဖန်ဟင်မ်ကတော့ အခြေအနေပိုဆိုးနေပြီး ဘွန်ဒစ်လီဂါမှာ တန်းဆင်းဇုန်အန္တရာယ်စက်ဝန်းထဲအထိ ကျရောက်နေတဲ့အသင်းပါ။ နောက်ဆုံးပွဲမှာ တန်းတက်လာတဲ့ ဆန့်ပေါ်လီအသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့အထိ ပိုဆိုးရွားသွားခဲ့ပါတယ်။  ကစားသမားပိုင်းသာတဲ့ လိုင်ယွန်အသင်း အဝေးကွင်းဖြစ်ပေမဲ့ အမှတ်တော့ရမှာပါ။

ပယ်လ်ဇန် နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

သုံးပွဲဆက်သရေကျထားတဲ့ အိမ်ရှင် ပယ်လ်ဇန်အသင်း နဲ့ စွန့်စားတာပိုကောင်းတယ်။

အခြားပွဲစဉ်များ    

    
ဘိုဒယ်ဂလင့်    -    ကာရာဘတ်*

    *ဖရန့်ဖတ်    -    ဆလားဗီးယားပရပ်ဂ်

    *အဲလ်ဖ်ဘော့    -    စပို့တင်းဘရာဂါ

    စတူအာဘူခါရက်    -    မစ်ဂျီလန်း*

    လူဒိုဂိုရတ်စ်    -    ဘီလ်ဘာအို*

    *နိုက်စ်    -    FC တွမ်တီး

    *အိုလံပီယာကော့စ်    -    ရိန်းဂျားစ်

    *အေဂျက်စ်    -    မက္ကာဘီတဲလ်အဗစ်

    *အယ်လ်ခမာ    -    ဖီနာဘာချီ

    ဒိုင်နမိုကိဗ်    -    ဖယ်ရန်ဗာရို့စ်*

    ရီဂတ်စ်    -    အန်ဒါလက်ချ်*

Most Read

Most Recent