အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရရန် သေချာသလောက်ရှိနေ

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရရန် သေချာသလောက်ရှိနေ
Published 6 November 2024
Ref:AFP

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရန့် အနိုင်ရရန် သေချာသလောက်ရှိကြောင်း နောက်ဆုံးရမဲရလဒ်များတွင် ဖော်ပြထားသည်။

မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ထရန့်သည် သမ္မတရွေးချယ်ရေးအဖွဲ့ (Electoral College) ၏ မဲ ၂၆၅ မဲရရှိထားပြီး ပြိုင်ဘက်ဖြစ်သည့် ကာမလာဟဲရစ်က ၁၈၇ မဲရရှိထားသည်။

ထရမ့်သည် ရွေးကောက်ပွဲ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသည့် မဲယိမ်းပြည်နယ် ၇ ခုတွင် မြောက်ကာရိုလိုင်းနားနှင့် ဂျော်ဂျီယာပြည်နယ် ၂ ခုတွင် အနိုင်ရထားပြီး တတိယမြောက်မဲယိမ်းပြည်နယ်ဖြစ်သည့် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင်လည်း မဲရလဒ်အသာနှင့် ဦးဆောင်နေသည်။

အစဉ်အလာအရ သမ္မတအဖြစ်ရွေးကောက်ခံရရန် အဆုံးအဖြတ်ပေးသည့် ပြည်နယ် ၇ ခုတွင် အနည်းဆုံး ၃ ခုအနိုင်ရရှိရန်လိုအပ်သည်။