■ လာလီဂါပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက် 
Published 1 November 2024

အိုဆာဆူနာ - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၇:၃၀ နာရီ)

လက်ရှိပုံစံတွေအရ အိုဆာဆူနာကို ဗယ်လာဒိုလစ်ယှဉ်နိုင်ဖို့မလွယ်လှဘူး။ ဒီရာသီ ဗယ်လာဒိုလစ်ကစားပုံကခံစစ်လျော့ပြီး တိုက်စစ်ကစားနေတဲ့ပုံမျိုး တွေ့နေရတယ်။ အိုဆာဆူနာကတော့ အိမ်ကွင်းထက်စိတ်ကစားပုံမာကျော့တဲ့အပြင် ဂိုးသွင်းနှုန်းမှာ တက်လာသလိုတွေ့နေရလို့ အိုဆာဆူနာကွင်းမှာ ဗယ်လာဒိုလစ်ထိန်းကစားဖို့ မလွယ်ပါဘူး။ အိုဆာဆူနာပဲကြိုက်တယ်။ ဂိုးလည်း များသွားနိုင်တယ်။



ဂျီရိုနာ - လီဟာနက်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် ည ၉:၄၅ နာရီ)

ပွဲဆက်၊ ပွဲကျပ်တွေဆက်တိုက်ကစားရချိန်မှာ ဂျီရိုနာကို သိပ်မယုံရပါဘူး။ အထူးသဖြင့် လာလီဂါထက် ချန်ပီယံလိဂ်ဘက်ကို ပိုအာရုံစိုက်နေပုံလည်းတွေ့ရလို့ ခုတလော ခြေပြန်စွာနေပြီး ထိန်းကစားနိုင်တဲ့ လီဟာနက်စ်ကို ဂျီရိုနာတို့ အလွယ်တကူအနိုင်ရဖို့ ခက်နိုင်တယ်။ လီဟာနက်စ်ကလည်း ကွင်းမရွေးအမှတ်ယူတတ်တဲ့အသင်းပါ။ ဂိုးနည်းသရေပွဲလို့ပဲ ထင်နေမိတယ်။

Most Read

Most Recent