စက်မှုဇုန်များတွင် တစ်ရက်လျှင် လေးနာရီသာ လျှပ်စစ်မီးရရှိတော့မည်ဖြစ်ကြောင်း သိရ

စက်မှုဇုန်များတွင် တစ်ရက်လျှင် လေးနာရီသာ လျှပ်စစ်မီးရရှိတော့မည်ဖြစ်ကြောင်း သိရ
Published 1 November 2024

စက်မှုဇုန်များတွင် တစ်ရက်လျှင် လေးနာရီသာ လျှပ်စစ်မီးရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက စက်မှုဇုန်များအနေဖြင့် လျှပ်စစ်မီးကို တစ်ရက်လျှင် လေးနာရီသာ ရရှိမည်ဟု သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန်ပြန်လည်ရရှိခဲ့ရာမှ အောက်တိုဘာ ၃၁ ရက်မှ စတင်ကာ တစ်ရက်လျှင် လေးနာရီသာပေးတော့မည်ဟု ပြန်လည်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

“အရင်တုန်းကလည်း လေးနာရီသတ် မှတ်ထားတယ်။ ပြီးတော့ မီးအားပြန်ရတော့ ပုံမှန်ပေးဖြစ်တယ်။ အခုကတော့ တစ်ရက် လေးနာရီ ပြန်ဖြစ်သွားပါပြီ” ဟု ရန်ကုန်မြို့ တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနေရပ်ကွက်များကို လေးနာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးများက ကြေညာခဲ့သည်။

“မနေ့က မီးလာဖြတ်တဲ့သူတွေက တစ် ရက်ကို လေးနာရီပဲရတော့မယ် ပြောတယ်။ မနက်က ၉ နာရီလောက် မီးလာပေးတယ်။ နေ့လည် ၁ နာရီလောက်ကျတော့ မီးလာဖြတ်သွားတယ်” ဟု သာကေတမြို့နယ်ရှိ စက်မှုဇုန် တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

လတ်တလောတွင် စက်မှုဇုန်များအား တစ်ရက် လေးနာရီပေးနေပြီး လူနေရပ်ကွက် များတွင် အလှည့်ကျစနစ်ဖြင့်ပေးနေသော် လည်း မီးလာရမည့်အချိန်တွင် ဝန်အားလျော့ ချမှုများရှိသဖြင့် မီးပြတ်တောက်မှုများရှိနေသည်ဟု သိရသည်။

“ အလှည့်ကျ လာမယ်ဆိုတဲ့မီးကလည်း ဝန်အားလျှော့လို့ဆိုပြီး ပြတ်တာကရှိသေးတယ်။ လေးနာရီတစ်ခါပေးတာကို အပြည့်မရဘူး” ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၁ ရက်မှစတင်၍ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး အိမ်သုံးများအတွက် ယခင်အများဆုံး ကျပ် ၁၂၅ မှ ယခုကျပ် ၃၀၀ အထိ လည်းကောင်း၊ လုပ်ငန်းသုံးများအတွက် ယခင်အများဆုံး ကျပ် ၁၈၀ မှ ယခုကျပ် ၅၀၀ အထိ တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ အသိပေး ကြေညာခဲ့သည်။

၂၀၂၄ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပြုလုပ်ခဲ့ သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူညီချက်အရ လျှပ်စစ်ဓာတ် အားခနှုန်းထားများကို အိမ်သုံးအမျိုးအစား များအတွက် ၁ မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ် အထိ ၁၅၀ ကျပ်နှင့် ၂၀၁ ယူနစ် နှင့်အထက် ၃၀၀ ကျပ်အဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အိမ်သုံးမဟုတ်သည့်အမျိုးအစား (စက် မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ် လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရ ရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင် စက်မှုလုပ် ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ် ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန^ လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အ စည်း များ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာ အဖွဲ့အ စည်းများ) အတွက် ၁ မှ ၅၀၀၀ ယူနစ် အထိ ၂၅၀ ကျပ်၊ ၅၀၀၁ မှ ၂၀၀၀၀ ယူနစ်အ ထိ ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနှစ်နှင့်အထက် ၅၀၀ ကျပ် ပြင်ဆင်သတ်မှတ်ထားသည်။

Most Read

Most Recent