■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 1 November 2024

■  လာလီဂါပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက် 

အလာဗတ်စ် - မာယော့ကာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် နံနက် ၂:၃၀ နာရီ)

အလာဗတ်စ် ခြေကျနေတယ်။ တိုက်စစ်ပိုင်းလည်း သိသိသာသာကျသွားလို့ မာယော့ကာလို ခံစစ်ကစားပုံမာတဲ့အသင်းကို ဂိုးရဖို့ခက်နေဦးမှာပါပဲ။ မာယော့ကာ ဒီရာသီ အဝေးကွင်းကစားပုံ တက်လာသလိုမတွေ့ရသေးပေမယ့် ခြေကျနေတဲ့အလာဗတ်စ် ကိုအနိုင်ရဖို့အခွင့်အရေးပိုနေမယ်။ မာယော့ကာနဲ့ ဂိုးအနည်းပါပဲ။



■ ဘွန်ဒစ်လီဂါပွဲစဉ် (၉)  ပွဲကြိုသုံးသပ်ချက် 

လေဗာကူဆင် - စတုဂတ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် နံနက် ၂:၀၀ နာရီ)

လေဗာကူဆင်အသင်းက နောက်ပိုင်း ဘွန်ဒစ်လီဂါပွဲတွေမှာ အမှတ်လျော့တဲ့ပွဲတွေ ပိုများလာတယ်။ စတုဂတ်က အမာခံကစားသမားတွေ ထွက်သွားပေမယ့် ဒီရာသီခြေစွမ်း မဆိုးပါဘူး။ စတုဂတ်နဲ့ စွန့်စားချင်တယ်။



■ ပြင်သစ်လီဂူးပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

မိုနာကို - အန်ဂါစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် နံနက် ၂:၀၀ နာရီ)

နောက်ဆုံးပွဲမှာ ရှုံးပွဲကြုံခဲ့တဲ့ မိုနာကိုတို့ အခုအိမ်ကွင်းပွဲမှာ ပြန်ပေါက်ကွဲပြနိုင်မလားစောင့်ကြည့်ရပါမယ်။ အန်ဂါစ်က တန်းဆင်းဇုန်နားမေးတင်နေတဲ့အသင်းဆိုပေမယ့် နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲသာရှုံးနိမ့်ထားသလို၊ ကွင်းမရွေးရုန်းကန်ကစားနေ တာလည်းတွေ့ရတယ်။ ဒါပေမဲ့ နှစ်သင်းအကြားကွာခြားချက်ကြီး မားနေလို့ အိမ်ရှင်မိုနာကိုနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။



လိုင်လီ - လိုင်ယွန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် နံနက် ၂:၀၀ နာရီ)

ဒီနှစ်သင်းကလည်း တန်းတက်ဇုန်တိုက်ပွဲမှာအားပြိုင်နေ တဲ့ (၂)သင်းဖြစ်ပြီး ကွာခြားချက်ကြီးကြီးမားမားမရှိလို့ ကြည့် ကောင်းမယ့်ပွဲတစ်ပွဲဖြစ်ဦးမှာပါ။ ဒါ့ပြင် လက်ရှိခြေစွမ်းအရလည်း နှစ်သင်းစလုံးအကောင်းဆုံးစွမ်းဆောင်ရည်ကို အပြိုင်ပြသနေလို့ ဘယ်သူလက်တွဲခွင့်ရမလဲဆိုတာ ရင်ခုန်စရာပါပဲ။ အိမ်ရှင်လိုင်ယွန်နဲ့ပဲ အရဲစွန့်ချင်တယ်။