စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 30 October 2024

အမ်ပိုလီ နှင့် အင်တာမီလန်

အင်တာမီလန်က အမ်ပိုလီကွင်းမှာ သွားရောက်ကစားတဲ့ ပွဲစဉ်တွေတိုင်း ရလဒ်ကောင်းတဲ့ အသင်းလို့ ဆိုရမယ်။ အင်တာမီ လန်ရဲ့ လက်ရှိခြေစွမ်းက ပြီးခဲ့တဲ့ ရာသီက ပုံစံကိုတော့ မမီသေးပါဘူး။ ဒါပေမဲ့ အားကောင်းဆဲဆိုတာကိုတော့ တွေ့ရတယ်။ အမ်ပိုလီက စီးရီးအေနောက်ဆုံး (၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေပြီး တိုက်စစ်ကလည်း သွင်းဂိုးတွေအတွက် ရုန်းကန်နေရတယ်။ အိမ်ကွင်းအားသာချက်တစ်ခုတည်းနဲ့တော့ အင်တာမီလန်ကို ယှဉ်နိုင်မယ်မထင်ဘူး။ အင်တာမီလန်အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။

ဗင်နီဇီယာ နှင့် အူဒီးနီးစ်

ဗင်နီဇီယာက ရလဒ်ပိုင်း ဆိုးရွားနေပေမဲ့ ပွဲကျပ်တွေကစားခဲ့ရတာပါ။ အူဒီးနီးစ်က အဝေးကွင်းတွေဆို ပုံမှန်ခြေစွမ်းမရှိပါဘူး။ ဗင်နီဇီယာ အမှတ်ရနိုင်တယ်။

အတ္တလန်တာ နှင့် မွန်ဇာ

အတ္တလန်တာက မွန်ဇာနဲ့တွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၄)ကြိမ်ဆက် အနိုင်ရခဲ့တယ်။ နောက်ပိုင်းပွဲတွေမှာ မွန်ဇာအသင်း ရမှတ်တွေ ပြန်ရနေပေမဲ့ ပုံစံကောင်းရဖို့တော့ ရုန်းကန်နေရဆဲပါပဲ။ အတ္တလန်တာရဲ့ လက်ရှိခြေစွမ်းကြောင့် မွန်ဇာရလဒ် ကောင်းဖို့မလွယ်ပါဘူး။ အတ္တလန်တာအသင်း နိုင်ပွဲဆက်လိမ့်မယ်။

ဂျူဗင်တပ်စ် နှင့် ပါးမား

ဂျူဗင်တပ်စ်က အိမ်ကွင်းဆိုရင် ပြိုင်ဘက်ကို တစ်ဖက်သတ်ဖိအားပေးကစားနိုင်တယ်။ နည်းပြ မော့တာရဲ့ အသင်းက စနစ်တကျရှိပြီး ပုံစံကောင်းတစ်ခုရယူဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ စီးရီးအေအိမ်ကွင်းနောက်ဆုံး (၄)ပွဲမှာ (၂)ဂိုးပဲသွင်းနိုင်ခဲ့တဲ့ တိုက်စစ်ကတော့ လိုအပ်ချက်တွေရှိဆဲပါပဲ။ ပါးမားကတော့ သရေပွဲတွေများနေတယ်။ အထူးသဖြင့် အဝေးကွင်းပွဲတွေဆို ပါးမားအသင်း သိသိသာသာ ရုန်းကန်လာရတယ်။ နာပိုလီအသင်း အိမ်ကွင်းမှာ ဂိုးပြတ်နိုင်လိမ့်မယ်။

Most Read

Most Recent