နွမ်နရီဟာ အာဆင်နယ်အသင်းကို ၂၀၁၅ ခုနှစ်ကတည်းက ရောက်လာခဲ့တာပါ။ အဲဒီအချိန်က နွမ်နရီရဲ့ အသက်ဟာ (၈)နှစ်ပဲရှိသေးတယ်။ သူက အာဆင်နယ်လူငယ်အသင်းမှာ တောက်လျှောက်ခြေစွမ်းပြကစားနိုင်ခဲ့တယ်။ အာဆင်နယ် လူငယ်အသင်းနည်းပြ ဝဲလ်ရှိုင်းယားဆိုရင် နွမ်နရီကို မကြာခဏချီးကျူးလေ့ရှိတယ်။ သူက အသက် (၁၅)နှစ်ကျော်ကျော်အရွယ်မှာပဲ အာဆင်နယ်အသင်းကြီးနဲ့ ပရိုကစားသမားဘဝ စတင်ခွင့်ရခဲ့တယ်။ အာဆင်နယ်အသင်းသမိုင်းကြောင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရတဲ့ ကစားသမားအဖြစ် နွမ်နရီ မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီအချိန်ကာလအတွင်း သူ့ကို ပရီးမီးယားလိဂ်ကလပ်တွေ၊ အင်္ဂလန်အောက်တန်းလိဂ်ကလပ်တွေ ခေါ်ယူဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းက နွမ်နရီကို တခြားအသင်း တစ်သင်းထံ အငှားချဖို့ စိတ်ကူးတောင်မရှိခဲ့ဘူး။ နွမ်နရီကိုယ်တိုင်လည်း အာဆင်နယ်အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ အမြဲတမ်း ကြိုးစားခဲ့တယ်။
အာတီတာရဲ့ ယုံကြည်မှုကို ရယူရမယ့် အီသန်နွမ်နရီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။