၂၀၂၄-၂၅ ဘောလုံးရာသီစပိန်လာလီဂါပြိုင် ပွဲကတော့ ပထမပိုင်းကာလလို့ဆိုရမယ့် ပွဲစဉ် (၁၀)အပြီးမှာပဲ ပုံမှန်ပြကွက်တွေအတိုင်း ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ အပြင်းထန်ဆုံး ချန်ပီယံတိုက်ပွဲကို မြင်တွေ့ခံစားနေရပြီပဲဖြစ်ပါတယ်။ ပိုပြီးရင်ခုန်စရာကောင်းသွားက ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် စပိန်လာလီဂါပွဲစဉ် (၁၁)မှာပဲ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာထိပ်တိုက်တွေ့ဆုံတဲ့ El Clásico ပွဲစဉ်ကို ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မဟာပြိုင်ဘက်နှစ်သင်းရဲ့ ရာသီအဖွင့်ချန်ပီယံတိုက်ပွဲအရှိန်အဟုန်ကို မီးစာမြှင့်ပေးဖို့ရှိနေတာပါ။ စပိန်ဘောလုံးလောကမှာသာမက ဥရောပဘောလုံးလောကရဲ့ အအောင်မြင်ဆုံးအသင်း (၂)သင်းဖြစ်သလို စပိန်လာလီဂါချန်ပီယံဆုကို အလှည့်ကျ နီးပါးရယူပြီး ပြတ်ပြတ်သားသားလွှမ်းမိုးထားတဲ့ အသင်းနှစ်သင်းရဲ့ ရိုးအီနေသောအားပြိုင်မှုဆိုပေမဲ့ ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုကိုက သမိုင်းအစဉ်အဆက် ပရိသတ်ကို ရသမျိုးစုံပေးစွမ်းနိုင်ခဲ့ပါတယ်။
■ ရသစုံဦးမယ့် ဘာနေဗျူးသတ်ကွင်းထဲက El Clásico စီးချင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။