အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာသည် လက်ရှိအချိန်တွင် ဝင်ငွေအကောင်းဆုံးဘောလုံး သုံးသပ်သူအဖြစ် ရပ်တည်နေကြောင်း သိရသည်။
ဂယ်ရီလိုင်နီကာ(၆၃ နှစ်)သည် လက်စတာ၊ အဲဗာတန်၊ ဘာစီလိုနာ၊ စပါးနှင့် နာဂိုယာဂရမ်းပတ်စ်အသင်းများတွင် ကစားခဲ့ဖူးသူဖြစ်သည်။
၎င်းသည် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက်ခြင်းမပြုဘဲ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဂယ်ရီလိုင်နီကာသည် လက်ရှိအချိန်တွင် တစ်နှစ်လစာ ပေါင်(၁၃၅၀၀၀၀)ရရှိနေသည့်အတွက် ဝင်ငွေအကောင်းဆုံးဘောလုံးသုံးသပ်သူအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။