အစ္စရေးဘောလုံးအဖွဲ့ချုပ်ကို အရေးယူရန် FIFA စဉ်းစားနေ

အစ္စရေးဘောလုံးအဖွဲ့ချုပ်ကို အရေးယူရန် FIFA စဉ်းစားနေ
Photo : X
Photo : X
Published 3 October 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)သည် ဂါဇာစစ်ပွဲနှင့် ပတ်သက်ပြီး အစ္စရေးဘောလုံးအဖွဲ့ချုပ်ကို အရေးယူရန် စဉ်းစားနေကြောင်း BBC Sport က ဖော်ပြခဲ့သည်။

ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်က အစ္စရေးအားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခွင့်ပိတ်ပင်ရန်အတွက် မဲခွဲဆုံးဖြတ်ရန် တောင်းဆိုးထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်မေလက ပြုလုပ်ခဲ့သော ဖီဖာကွန်ဂရက်တွင် FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက ဥပဒေကြောင်းရာကိစ္စရပ်သည် ဖီဖာကောင်စီဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ မိုရေးဇူအာရက်စ်ကမူ ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်၏လုပ်ဆောင်မှုသည် နိုင်ငံရေးအရ တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း တုံ့ပြန်ထားခဲ့သည်။

လက်ရှိတွင် အစ္စရေးလက်ရွေးစင်ဘောလုံးအသင်းသည် အိမ်ကွင်းပွဲစဉ်များကို လုံခြုံရေးအခြေအနေကြောင့်ကြားကွင်း ဟန်ဂေရီတွင် ကစားရလျက်ရှိသည်။

Most Read

Most Recent