Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ် ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းတွင် စီရော်နယ်လ်ဒို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးအနက် ဆော်ဒီလိဂ်မှ လေးဦးအထိ ပါဝင်

Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ် ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းတွင် စီရော်နယ်လ်ဒို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးအနက် ဆော်ဒီလိဂ်မှ လေးဦးအထိ ပါဝင်
Photo: Forbes
Photo: Forbes
Published 19 October 2024

 

ကမ္ဘာကျော် Forbes စီးပွားရေးမဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းတွင် ရော်နယ်လ်ဒိုက ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ထိပ်ဆုံး ၁၀ ဦး အနက် ဆော်ဒီလိဂ်မှ လေးဦးအထိ ပါဝင်ခဲ့ကြောင်း သိရသည်။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်း နှင့် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒိုသည် ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၂၂၀ နှင့် စပွန်ဆာစာချုပ်များမှရရှိသည့် ကွင်းပြင်ပဝင်ငွေ ဒေါ်လာ ၆၅ သန်း၊ စုစုပေါင်း ဒေါ်လာ ၂၈၅ သန်းအထိရရှိပြီး ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံးဘောလုံးသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ 

၎င်း၏ အဓိကပြိုင် ဘက်သူ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနှင့် အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၆၀ နှင့် ကွင်းပြင်ပဝင်ငွေ ဒေါ်လာ ၇၅ သန်း၊ စုစုပေါင်း ဒေါ်လာ ၁၃၅ သန်းဖြင့် ဒုတိယနေရာ ရပ်တည်နိုင်ခဲ့သည်။

၎င်းတို့၏နောက်တွင် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း၏ ဘရာဇီးတိုက်စစ်မှူး နေမာက ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၈၀၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာသန်း ၃၀၊ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ကာရင်ဘန်ဇီမာက ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၁၀၀၊ ကွင်း ပြင်ပဝင်ငွေ ဒေါ်လာလေးသန်း၊  ရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်လက်ရွေးစင်အသင်း ခေါင်းဆောင် ကီယန်အမ်ဘာပေက ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၇၀၊ ကွင်းပြင်ပဝင် ငွေ ဒေါ်လာသန်း ၂၀၊ မန်စီးတီးအသင်း၏ နော်ဝေတိုက်စစ်မှူး အာလင်းဟာလန်းက ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၄၆ သန်း၊ ကွင်း ပြင်ပဝင်ငွေ ဒေါ်လာ ၁၄ သန်း၊ ရီးယဲလ်မက် ဒရစ်အသင်း၏ ဘရာဇီးတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ကွင်းတွင်းဝင်ငွေ ဒေါ်လာ သန်း ၄၀၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာ ၁၅ သန်း၊ လီဗာပူးလ်အသင်း၏ အီဂျစ်လက်ရွေး စင် အသင်းခေါင်းဆောင် မိုဟာမက်ဆာလာက ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၃၅ သန်း၊ ကွင်း ပြင်ပဝင်ငွေ ဒေါ်လာ ၁၈ သန်း၊ ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၏ ဆီနီဂေါတောင်ပံ ကစားသမား ဆာဒီယိုမာနေက ကွင်းတွင်း ဝင်ငွေ ဒေါ်လာ ၄၈ သန်း၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာလေးသန်း၊ မန်စီးတီးအသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းခေါင်းဆောင် ကယ်ဗင်ဒီဘရိုင်းနားက ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၃၅ သန်း၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာလေးသန်းဖြင့် ရပ်တည်နိုင်ခဲ့သည်။

လစာအများဆုံး ဘောလုံးသမား ၁၀ ဦး

အမည်        ကွင်းတွင်းဝင်ငွေ    ကွင်းပြင်ပဝင်ငွေ

ရော်နယ်လ်ဒို    ၂၂၀ သန်း        ၆၅ သန်း

မက်ဆီ        ၆၀ သန်း        ၇၅ သန်း

နေမာ        ၈၀ သန်း        ၃၀ သန်း

ဘန်ဇီမာ        ၁၀၀ သန်း        ၄ သန်း

အမ်ဘာပေ    ၇၀ သန်း        ၂၀ သန်း

ဟာလန်း        ၄၆ သန်း        ၁၄ သန်း

ဗင်နီစီယပ်စ်    ၄၀ သန်း        ၁၅ သန်း

ဆာလာ        ၃၅ သန်း        ၁၈ သန်း

မာနေ        ၄၈ သန်း        ၄ သန်း

ဒီဘရိုင်းနား    ၃၅ သန်း        ၄ သန်း

Most Read

Most Recent