■  ဒေးဗစ်မွိုက်စ်ကို ခရစ္စတယ်ပဲလေ့စ်အသင်း ပစ်မှတ်ထားနေ     

■  ဒေးဗစ်မွိုက်စ်ကို ခရစ္စတယ်ပဲလေ့စ်အသင်း ပစ်မှတ်ထားနေ     
Photo: Getty Images
Photo: Getty Images
Published 18 October 2024

ခရစ္စတယ်ပဲလေ့စ်အသင်းသည် လက်ရှိအချိန်၌ အသင်းလက်မဲ့ဖြစ်နေသည့် စကော့တလန်နည်းပြ ဒေးဗစ်မွိုက်စ်ကို လက်ရှိနည်းပြ ဂလက်စ်နာ၏နေရာ အစားထိုးရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

ခရစ္စတယ်ပဲလေ့စ်အသင်းသည် ဂလက်စ်နာ၏ ဦးဆောင်မှုအောက်တွင် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နိုင်ပွဲမရသေးဘဲ တန်းဆင်းဇုန်အတွင်း ရောက်ရှိနေသည်။ 

ထို့ကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းတာဝန်ရှိသူများသည် နည်းပြအပြောင်းအလဲပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ဝက်စ်ဟမ်းအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် စကော့တလန်လူမျိုးနည်းပြ ဒေးဗစ်မွိုက်စ်ကလည်း ပရီးမီးယား လိဂ်တွင် နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

ခရစ္စတယ်ပဲလေ့စ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၇) အပြီးတွင် နိုင်ပွဲလုံးဝမရသေးဘဲ (၃) ပွဲသရေ၊ (၄) ပွဲရှုံး ရလဒ်ထွက်ပေါ်ထားကာ ရမှတ် (၃) မှတ်ဖြင့် အဆင့် (၁၈) နေရာ ရောက်ရှိနေသည်။ 

ထို့ကြောင့် ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာမှာ မန်ယူအသင်းနည်းပြ တန်ဟက်ဂ်ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်တွင် ထုတ်ပယ်ခံရမည့်နည်းပြစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်နေကြောင်း သိရသည်။ 

Most Read

Most Recent