ဒါဝင်နူးနက်ဇ် ခြေစွမ်းပြနိုင်ရန်အတွက် အာနယ်ဆလော့ အထူးလေ့ကျင့်မှုများ ပြုလုပ်ပေးနေ

ဒါဝင်နူးနက်ဇ် ခြေစွမ်းပြနိုင်ရန်အတွက် အာနယ်ဆလော့ အထူးလေ့ကျင့်မှုများ ပြုလုပ်ပေးနေ
Photo: X
Photo: X
Published 17 October 2024

လီဗာပူးလ်နည်းပြ အာနယ်ဆလော့သည် အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ခြေစွမ်းပြနိုင်ရန်အတွက် အထူးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရသည်။

၂၀၂၂ တွင် ဘင်ဖီကာအသင်းမှ ပေါင် (၈၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဒါဝင်နူးနက်ဇ်သည် ဆလော့လက်ထက်တွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည်။

သို့သော် ဆလော့သည် ဒါဝင်နူးနက်ဇ်ကို အသင်း၏အဓိကတိုက်စစ်မှူးအဖြစ် ရှုမြင်ထားပြီး ၎င်း၏စွမ်းရည်တိုးတက်ရေးအတွက် တစ်ဦးချင်းလေ့ကျင့်ခန်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် သင်ကြားပေးနေကြောင်း Daily Mail ကဖော်ပြခဲ့သည်။

ဒါဝင်နူးနက်ဇ်သည် လီဗာပူးလ်အသင်းတွင် ပုံမှန်နေရာမရရှိသည့်အတွက် အပြောင်းအရွှေ့သတင်းများထွက်နေပြီး ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent