ပါကစ္စတန်တွင် လူမျိုးစုများကြား တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၁၆ ဦး သေဆုံး

ပါကစ္စတန်တွင် လူမျိုးစုများကြား တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၁၆ ဦး သေဆုံး
Published 14 October 2024

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် လူမျိုးစုများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးသုံးဦးနှင့် ကလေးနှစ်ဦးအပါအဝင် လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

ပါကစ္စတန်၏ ခိုင်ဘာ ပက်ခ်ထန်ခါ၀ါပြည်နယ် ကာရမ်ခရိုင်တွင် မကြာသေးမီ လများအတွင်း ဆွန်နီနှင့် ရှီးအိုက်မွတ်စလင် လူမျိုးစုများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသည့် ကာရမ်ခရိုင်တွင် ဆွန်နီနှင့် ရှီးအိုက်မွတ်ဆလင်များအကြား တိုက်ခိုက်မှုများ  ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းရှိခဲသည်။

အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားသည့် တိုက်ခိုက်မှုတွင် ပြည်သူ့စစ်များ၏ ကာကွယ်မှုအောက်တွင် မောင်းနှင်နေသည့် ဆွန်နီ မွတ်ဆလင်များ လိုက်ပါလာသည့် မော်တော်ယာဉ်တန်းသည် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ကာရမ်အုပ်ချုပ်ရေးအရာရှိက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် အမျိုးသမီး သုံးဦး၊ ကလေးနှစ်ဦးအပါအဝင် လူ ၁၄ ဦး သေဆုံးကာ ခြောက်ဦးဒဏ်ရာရ ခဲ့သည်ဟု ထိုအရာရှိက ပြောကြားခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့၏ တုံ့ပြန်ဆောင်ရွက်မှုကြောင့် ရှီးအိုက် မွတ်ဆလင်များဖြစ်သည့် တိုက်ခိုက်သူနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Ref:AFP

                            

Most Read

Most Recent