ဘရာဇီးနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူရှစ်ဦး သေဆုံး

ဘရာဇီးနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူရှစ်ဦး သေဆုံး
Published 13 October 2024

ဘရာဇီးနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုများကြောင့် မိုးခေါင်မှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ နေရာဒေသအချို့တွင် လေပြင်းမုန်တိုင်းများ တိုက်ခတ်ပြီး မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် လူရှစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အာဏာပိုင်များက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် အောက်တိုဘာ ၁၁ ရက်ကတည်းက လေပြင်း တိုက်ခတ်မှုနှုန်း တစ်နာရီလျှင် ၆၂ မိုင်ရှိခဲ့ပြီး နေ့စဉ် မိုးရေချိန် လေးလက်မရှိခဲ့ကြောင်း အမျိုးသား မိုးလေဝသဌာနက ပြောကြားခဲ့သည်။

ဘရာဇီး၏ လူနေအထူထပ်ဆုံး ပြည်နယ်ဖြစ်သည့် ဆော်ပေါ်လိုပြည်နယ်တွင် လူခုနစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများစုသည် သစ်ပင်များပိခြင်း၊ နံရံများပိခြင်းကြောင့်ဖြစ်သည်ဟု ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

 ဆော်ပေါ်လိုမြို့၏ နေရာအများစုတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်နေပြီး လူဦးရေ ၁ ဒသမ ၆ သန်းခန့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည်ဟု  Enel စွမ်းအင်ကုမ္ပဏီက ပြောကြားခဲ့သည်။

ဘရာဇီး၏မြို့တော် ဘရက်စီလီယာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေသည့် စစ်သားများထဲမှ စစ်သားတစ်ဦးသည် သစ်ပင်လဲပြိုမှုကြောင့် သစ်ပင်ပိပြီး သေဆုံးခဲ့သည်ဟု စစ်ဘက်ဆိုင်ရာရဲတပ်ဖွဲ့ဌာနချုပ် က  ထုတ်ပြန်ခဲ့သည်။

Ref:AFP

                            

Most Read

Most Recent