၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျပန်အဏုမြူဗုံးဒဏ်မှ လွတ်မြောက်လာသူများအဖွဲ့ ရရှိ

၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျပန်အဏုမြူဗုံးဒဏ်မှ လွတ်မြောက်လာသူများအဖွဲ့ ရရှိ
Published 12 October 2024

၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျပန်နိုင်ငံ၏ အဏုမြူဒဏ်မှ အသက်ရှင်လျက် လွတ်မြောက်လာခဲ့သည့်အဖွဲ့ဖြစ်သော Nihon Hidankyo က ရရှိကြောင်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီက အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

၁၉၄၅ ခုနှစ် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များတွင် အဏုမြူဗုံးကြဲခံရသည့်ဒဏ်မှ အသက်ရှင်လျက် လွတ်မြောက်ခဲ့သည့် လူပုဂ္ဂိုလ်များစုဖွဲ့ထားသော ထိုအဖွဲ့ကို နော်ဝေးငြိမ်းချမ်းရေးနိုဘယ်ဆုကော်မတီက ဆုရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Hibakusha ဟုခေါ်သည့် ထိုအဖွဲ့၏အဖွဲ့ဝင်များသည် နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာကြီးဖြစ်လိုသည့် ဆန္ဒရှိသူများ ဖြစ်သည်။

"Hibakusha အဖွဲ့ဟာ နျူကလီးယားလက်နက်ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်လာစေဖို့ သူတို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ နောက်တစ်ကြိမ် နျူကလီးယား လက်နက်မသုံးဖို့အတွက် အားထုတ်ကြိုးပမ်း လှုပ်ရှားမှုတွေကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်"နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက ပြောကြားခဲ့သည်။

Ref:Reuters

Photo:AP

Most Read

Most Recent