၂၀၂၄ ခုနှစ် ရသစာပေနိုဘယ်ဆုကို တောင်ကိုရီးယား စာရေးဆရာမ ဟန်းကန်က ရရှိ

၂၀၂၄ ခုနှစ် ရသစာပေနိုဘယ်ဆုကို တောင်ကိုရီးယား စာရေးဆရာမ ဟန်းကန်က ရရှိ
Published 12 October 2024

၂၀၂၄ ခုနှစ်အတွက် ရသစာပေနိုဘယ်ဆုကို တောင်ကိုရီးယား စာရေးဆရာမတစ်ဦးဖြစ်သည့် ဟန်းကန်က ရရှိခဲ့သည်။

ဟန်းကန်သည် သမိုင်းဝင် စိတ်မချမ်းမြေ့ဖွယ် အတွေ့အကြံများကို ရင်ဆိုင်ပြီး ကျိုးပျက်လွယ်သည့် လူ့ဘဝ၏ သဘောသဘာဝကို ဖော်ထုတ်ပြသသည့် ထက်သန်သည့် ကဗျာဆန်သော စကားပြေအရေးအသားအတွက် ရသစာပေနိုဘယ်ဆုကို ချီးမြှင့်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဆွီဒင်အကယ်ဒမီက ပေးအပ်သည့် ထိုနိုဘယ်ဆုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းတန် ကြေးရှိသည်။

“သူဟာ ရုပ်နဲ့နာမ်အကြား၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအကြား ချိတ်ဆက်မှုတွေကို တမူထူးခြားစွာ နားလည်သဘောပေါက်ခဲ့ပြီး သူ့ရဲ့ကဗျာဆန်ပြီး လက်တွေ့စမ်းသပ်တဲ့ ရေးဟန်ဟာ ခေတ်ပြိုင်စကားပြေ လောကမှာ ဆန်းသစ်တီထွင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်”ဟု နိုဘယ်ကော်မတီ၏ဥက္ကဋ္ဌ အန်ဒါစ် အိုလ်ဆန်က ပြောကြားခဲ့သည်။

ဟန်းကန်သည် ရသစာပေနိုဘယ်ဆုကို ရရှိသည့် ပထမဆုံး တောင်ကိုရီးယားနိုင်ငံသားဖြစ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက စာပေလောကထဲ စတင်ဝင်ရောက်ခဲ့ကာ ရသစာပေနှင့် လူမှုရေးမဂ္ဂဇင်းတွင် ၎င်း၏ ကဗျာများ စတင် ဖော်ပြခဲ့ခဲ့ရသည်။

Ref:Reuters

Most Read

Most Recent