ရုရှားကို ငြိမ်းချမ်း‌ရေးအတွက် မရမကလုပ်စေခြင်းသည် ဆိုးရွားသောအမှား ဖြစ်လာလိမ့်မည်ဟု ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရုရှားကို ငြိမ်းချမ်း‌ရေးအတွက် မရမကလုပ်စေခြင်းသည် ဆိုးရွားသောအမှား ဖြစ်လာလိမ့်မည်ဟု ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 25 September 2024

ရုရှားကို ငြိမ်းချမ်း‌ရေးအတွက် မရမက လုပ်စေခြင်းသည် ဆိုးရွားသောအမှား ဖြစ်လာလိမ့်မည်ဟု စက်တင်ဘာ ၂၅ ရက်တွင် ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောကြားလိုက်ပြီး ကုလသမဂ္ဂ ၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး ပြောဆိုခဲ့သော စကားများကို ပယ်ချခဲ့သည်။

ရုရှားကိုသာ ငြိမ်းချမ်းကျေအေးစေရန် လုပ်ဆောင်ရမည်ဖြစ်ပြီး ပဋိပက္ခ ပြီးဆုံးစေရေးအတွက် ရုရှား သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးမည်မဟုတ်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

"အဲဒီလို သဘောထားဟာ ဆိုးရွားတဲ့အမှားဖြစ်ပါတယ်။ အမှားကြီးဖြစ်ပါတယ်"ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က သတင်းထောက်များကို ပြောကြားခဲ့သည်။

"အဲဒါဟာ ကိဗ်အစိုးရအဖွဲ့အတွက် အကျိူးဆက်တွေ မလွဲမသွေရှိလာစေမယ့် ကြီးမားတဲ့ နားလည်မှု လွဲမှားမှုဖြစ်ပါတယ်"ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

"ရုရှားဟာ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုပေမယ့် ရုရှားနိုင်ငံရဲ့တည်ငြိမ်ရေးကို သေချာစေပြီး အထူးစစ်ဆင်ရေးရဲ့ဦးတည်ချက်တွေကို ပြည့်ဝစေမယ့် အ‌ခြေအနေတွေရှိမှသာ ငြိမ်းချမ်းရေးကို လိုလားဝာာဖြစ်ပါတယ်"ဟု ၎င်းက ‌ပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲအတွက်ရုရှား၏တရားဝင်အသုံးအနှုန်းဖြစ်သောယူကရိန်းစစ်ဆင်ရေးကို အသုံးပြုခဲ့သည်။

"အဲဒီရည်မှန်းချက်တွေ ထမြောက်အောင်မြင်ခြင်းမရှိဘဲ ရုရှားကို အတင်းအကျပ်လုပ်စေဖို့ မဖြစ်နိုင်ပါဘူး"ဟု ပက်စကော့က ဖြည့်စွက်ပြောခဲ့သည်။