■  ဘာပေကို မရွေးချယ်ခြင်းမှာ ရီးယဲလ်ကြောင့်မဟုတ်ဟု ဒေးရွှမ့် ဆို

■  ဘာပေကို မရွေးချယ်ခြင်းမှာ ရီးယဲလ်ကြောင့်မဟုတ်ဟု ဒေးရွှမ့် ဆို
Published 11 October 2024

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က တိုက်စစ်မှူး ဘာပေကို အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များအတွက် မရွေးချယ်ခဲ့ခြင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းကြောင့်မဟုတ်ဟု ရှင်းလင်းပြောကြားခဲ့သည်။ 

ဘာပေသည် ရီးယဲလ်အသင်း အတွက် ပြန်ကစားနိုင်ပြီဖြစ်သော်လည်း ဒေးရွှမ့်က ကြံ့ခိုင်မှုအကြောင်းပြချက်ဖြင့် မရွေးချယ်ခဲ့သောကြောင့် ဝေဖန်ပြစ်တင်မှုများရှိခဲ့သည်။ 

ယင်းအတွက် ဒေးရွှမ့်က "ရီးယဲလ်ဆီးက တောင်းဆိုမှုမရှိပါဘူး။ ဒါ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ။ သူက ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိသေးတာကြောင့် မရွေးချယ်ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။

ဘာပေသည် ပြီးခဲ့သည့် ယူရို ၂၀၂၄ ပြိုင်ပွဲကတည်းက ပြင်သစ်အသင်းတွင် ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။ 

ယခုလည်း ဘာပေအနေဖြင့် နိုင်ငံအသင်းထက် ကလပ်အသင်းကို ဦးစားပေးနေသည်ဟုဆိုကာ ဝေဖန်မှုများ ရှိနေသည်။ 

Most Read

Most Recent