ဘောလုံးကို အာရုံစိုက်ထားရန် ရပ်ရှ်ဖို့ဒ်အား အန်ဒီကိုးလ် တိုက်တွန်း

ဘောလုံးကို အာရုံစိုက်ထားရန် ရပ်ရှ်ဖို့ဒ်အား အန်ဒီကိုးလ် တိုက်တွန်း
Photo: X
Photo: X
Published 10 October 2024

မန်ယူဂန္ထဝင် အန်ဒီကိုးလ်က အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ဘောလုံးအပေါ် အာရုံစိုက်ထားရန် တိုက်တွန်းပြောကြားခဲ့သည်။

ရပ်ရှ်ဖို့ဒ်(၂၆ နှစ်)သည် ၂၀၂၂-၂၃ ရာသီတွင် မန်ယူအတွက် ပြိိုင်ပွဲစုံ (၅၆) ပွဲတွင် ဂိုး (၃၀) အထိ သွင်းယူနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ပြိုင်ပွဲစုံ (၄၃)ပွဲ တွင် (၈)ဂိုးသာ သွင်းယူခဲ့သည်။

၎င်းသည် ယခုရာသီ ပြိုင်ပွဲစုံ (၁၁) ပွဲတွင် (၄) ဂိုးသွင်းထားသော်လည်း ဘောလုံးအပေါ်အာရုံစိုက်မှုနည်းပါးသည်ဟု ဝေဖန်ခံနေရသည်။

ယခုအခါ အန်ဒီကိုးလ်က ''ရပ်ရှ်ဖို့ဒ်အတွက် ဘောလုံးက ဦးစားပေးမဟုတ်ဘူးဆိုပြီး ပြောဆိုမှုတွေ ရှိပါတယ်။ ရပ်ရှ်ဖို့ဒ်က ထိပ်တန်းကစားသမားဖြစ်နိုင်သူဖြစ်ပြီး ဘောလုံးကို အာရုံမစိုက်မိလို့ နောင်တစ်ချိန်မှာ နောင်တမရဖို့ ကျွန်တော် မျှော်လင့်ပါတယ်''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent