အစ္စရေးက ဟားမာ့စ်၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ပထမ နှစ်ပတ်လည်အခမ်းအနားများ ကျင်းပစဉ်ဂါဇာကမ်းမြောင်ဘက်မှ အနည်းဆုံး ဒုံးကျည်လေးစင်း ပစ်ခတ်

အစ္စရေးက ဟားမာ့စ်၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ပထမ နှစ်ပတ်လည်အခမ်းအနားများ ကျင်းပစဉ်ဂါဇာကမ်းမြောင်ဘက်မှ အနည်းဆုံး ဒုံးကျည်လေးစင်း ပစ်ခတ်
အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှု တစ်နှစ်ပြည့်နေ့တွင် ဆန္ဒပြသူများက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အိမ်တော်သို့ ချီတက်လာပုံကို အောက်တိုဘာ ၇ ရက်တွင် တွေ့ရစဉ်(Photo:Reuters)wo
အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှု တစ်နှစ်ပြည့်နေ့တွင် ဆန္ဒပြသူများက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အိမ်တော်သို့ ချီတက်လာပုံကို အောက်တိုဘာ ၇ ရက်တွင် တွေ့ရစဉ်(Photo:Reuters)wo
Published 7 October 2024

အစ္စရေးက ဟားမာ့စ်၏ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှု တစ်နှစ်ပြည့် နှစ်ပတ်လည်၌ အထိမ်းအမှတ်ပွဲများကို စတင်ကျင်းပခဲ့ရာ လူအများအပြား သေဆုံးခဲ့ရာနေရာများ၌ ပြုလုပ်သော ဆုတောင်းပွဲများတွင် ဖြေမဆည်နိုင် စိတ်ခံစားမှုများရှိခဲ့ပြီး ဖမ်းဆီးခံထားရသော ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့သော လူထုစုဝေးပွဲများကို ကျင်းပခဲ့သည်။

ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်း စစ်သွေးကြွများ၏ မကြုံစဖူးတိုက်ခိုက်မှု နှစ်ပတ်လည်အထိမ်းအမှတ်ကို ကမ္ဘာတစ်ဝန်းရှိ မြို့များတွင်လည်းကောင်း အစ္စရေးနိုင်ငံတစ်ဝန်းရှိ မြို့များတွင်လည်းကောင်း အထိမ်းအ မှတ်ပွဲများ၊ အခမ်းအနားပွဲများကို ကျင်းပခဲ့သည်။ ဟားမာ့စ်၏တိုက်ခိုက်မှုကြောင့် လူ ၁,၂၀၀ ကျော်သေဆုံးခဲ့သည်။

အစ္စရေးသမ္မတ အိုင်ဆက်ဟာဇော့သည် ကစ်ဘတ်ရိမ်း၌ တိုက်ခိုက်မှု စတင်ချိန်ဖြစ်သည့် နံနက် ၆ နာရီ ၂၉ မိနစ်တွင် ငြိမ်းသက်ခဲ့ခြင်းဖြင့် အောက်တိုဘာ ၇ ရက်နေ့ကို အစပြုခဲ့သည်။ လက်နက်အပြည့်အစုံတပ် ဆင်ထားသော ဟားမာ့စ်တိုက်ခိုက်ရေးသမားများသည် အောက်တိုဘာ ၇ ရက်တွင် ကစ်ဘတ်ရိမ်း၌ ပြင်းထန်သော တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်။ ကစ်ဘတ်ရိမ်းသည် နိုဗာဂီတပွဲတော် ကျင်းပရာ နေရာဖြစ်ပြီး တိုက်ခိုက်ရေးသမားများက ထိုနေရာတွင် တိုက်ခိုက်မှုကို စတင်ခဲ့သောကြောင့် ဂီတပွဲ  တော်ကျင်းပရာနေရာ၌ အနည်းဆုံးလူ ၃၇၀ သေဆုံးခဲ့သည်။

သေဆုံးသွားသူများ၏ မိသားစုများသည် အထိမ်းအမှတ်ပွဲကို တက်ရောက်ခဲ့သည်။ တက်ရောက်သူအများစုသည် ငိုနေသည်ကို တွေ့ရကြောင်း အေအက်ဖ်ပီ သတင်းထောက်က သတင်းပေးပို့ခဲ့သည်။ အစ္စရေးသမ္မတဟာဇော့က တက်ရောက်လာသူများကို တွေ့ဆုံခဲ့သည်ဟု သိရသည်။

လူထောင်ပေါင်းများစွာသည် အောက်တိုဘာ ၆ ရက်တွင် ကမ္ဘာတစ်ဝန်းရှိမြို့ကြီးများတွင် ကျင်းပသော အခမ်းအနားပွဲများကို တက်ရောက်ခဲ့ပြီး ဟားမာ့စ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများကို ဂုဏ်ပြုခဲ့ကာ ဂါဇာ ကမ်းမြောင်၌  စစ်ပွဲတစ်နှစ်ကြာ ဖြစ်ပွားပြီးနောက် ပါလက်စတိုင်းပြည်သူများကို ထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။

“အောက်တိုဘာ ၇ ရက်မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီဆိုးရွားတဲ့ လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်အကြာမှာ ဒီအခမ်းအနားကို တက်ရောက်ရတာဟာ အလွန်ပဲ စိတ်ထိခိုက်ရပါတယ်”ဟု နိုဗာတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများကို အောက်မေ့သည့် အခမ်းအနားအား စီစဉ်သူ ဆိုလီလာနီယာဒိုက တဲလ်အဗစ်တွင် ပြောကြားခဲ့သည်။

အစ္စရေးက ဟားမာ့စ်၏မဟာမိတ် ဟစ်ဇဘိုလာကို လက်ဘနွန်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်နေချိန်နှင့်တိုက်ဆိုင်စွာ ယခုနှစ်ပတ်လည် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အထိမ်းအမှတ်ပွဲများ စတင်ပြီးနောက် မိနစ်ပိုင်းအတွင်းမှာပင် အနည်းဆုံး ဒုံးကျည်လေးစင်းကို ဂါဇာဘက်မှ ပစ်လွှတ်ခဲ့သည်ဟု အောက်တိုဘာ ၇ ရက်တွင် အစ္စရေး စစ်တပ်က ပြောကြားခဲ့ပြီး ဒုံးကျည်များပစ် လွှတ်ခဲ့ သော ဟားမာ့စ်၏တည်နေရာများကို တိုက်ခိုက်ခဲ့သည့်အပြင် ဂါဇာကမ်းမြောင်ရှိ မြေအောက် လိုဏ်ခေါင်းများ ကို တိုက်ခိုက်ခဲ့သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ ဟား မာ့စ်လက်နက်ကိုင် အဖွဲ့ခွဲက ဒုံးကျည်များကို ပစ်လွှတ်ခဲ့သည်ဟု ဆိုသည်။      

Ref:AFP

Most Read

Most Recent