လက်ရွေးစင်အသင်းအတွက် (၂)လကြာ ရွေးချယ်ခြင်းမပြုရန် ဒီဘရိုင်းနား တောင်းဆိုထားကြောင်း ဘယ်လ်ဂျီယံနည်းပြ အတည်ပြု

လက်ရွေးစင်အသင်းအတွက် (၂)လကြာ ရွေးချယ်ခြင်းမပြုရန် ဒီဘရိုင်းနား တောင်းဆိုထားကြောင်း ဘယ်လ်ဂျီယံနည်းပြ အတည်ပြု
Photo: X
Photo: X
Published 7 October 2024

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြဖြစ်သူ တယ်ဒက်စ်ကိုက လက်ရွေးစင်အသင်းအတွက် (၂)လကြာ ရွေးချယ်ခြင်းမပြုရန် ဒီဘရိုင်းနားက တောင်းဆိုထားကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဒီဘရိုင်းနားသည် လက်ရှိအချိန်တွင် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံထားရသူဖြစ်ပြီး ဒဏ်ရာပြဿနာရှိနေသည့်အတွက် ယင်းကဲ့သို့ တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ဒီဘရိုင်းနားသည် အင်တာမီလန်နှင့် ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ပွဲတွင် ပေါင်ခြံဒဏ်ရာအနည်းငယ် ရရှိခဲ့သည့်အတွက်  အနားယူနေရသည်။

''သူနဲ့ ကျွန်တော် ဖုန်းအကြာကြီးပြောဖြစ်ပါတယ်။ သူ့မှာ ဒဏ်ရာရှိနေပေမဲ့ အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒီအတွက် သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လူစာရင်းကနေ ချန်လှပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒါကြောင့် အခုရော နိုဝင်ဘာမှာရော အသင်းနဲ့အတူ သူ ရှိနေမှာ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားမှာတော့ သူ ရှိနေမှာပါ''ဟု တယ်ဒက်စ်ကိုက အောက်တိုဘာလအတွက် လူစာရင်းထုတ်ပြန်ရာတွင် ရှင်းလင်းပြောကြားခဲ့သည်။

Most Read

Most Recent