■ မန်ယူအသင်းတွင်သာ ဆက်ကစားသွားရန် ကက်စီမီရို ဆုံးဖြတ်     

■ မန်ယူအသင်းတွင်သာ ဆက်ကစားသွားရန် ကက်စီမီရို ဆုံးဖြတ်     
Photo: Getty Images
Photo: Getty Images
Published 6 September 2024

မန်ယူအသင်း၏ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုသည် တူရကီကလပ်အသင်းများထံမှ ကမ်းလှမ်းမှုများ ရရှိခဲ့သော်လည်း မန်ယူအသင်းတွင်သာ ဆက်ကစားသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

နွေရာသီအပြောင်းအရွှေ့စျေးကွက် မပိတ်သေးသည့် တူရကီလိဂ်မှ ကလပ်အသင်းများသည် ကက်စီမီရိုကို ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ဂါလာတာစာရေးအသင်းက ၎င်းင်းကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထွက်ခဲ့သည်။ 

သို့သော် ကက်စီမီရိုက ငြင်းပယ်ခဲ့ပြီး မန်ယူအသင်းတွင် ဆက်ကစားသွားရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၃၂) နှစ်အရွယ်ရှိ ကက်စီမီရိုသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကတည်းက ခြေစွမ်းကျဆင်းမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်တစ်ပတ်က လီဗာပူးလ်အား (၀-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် အမှားများခဲ့ခြင်းသဖြင့် မန်ယူပရိသတ်များ၏ လှောင်ပြောင်ဝေဖန်မှုများကိုပါ ခံနေရသူ ဖြစ်သည်။ 

ဘောလုံးဝေဖန်သူ ကာရေဂါက ကက်စီမီရိုအား ဘောလုံးကစားသမားဘဝ အနားယူရန် စဉ်းစားသင့်ပြီဖြစ်သလို၊ အနားမယူလိုသေးပါကလည်း ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့သင့်ကြောင်း ဝေဖန်ခဲ့သည်။ 

ထို့ပြင် မန်ယူအသင်းအနေဖြင့် ပြီးခဲ့သည့်နွေတွင် PSG အသင်းမှာ ဥရုဂွေးကွင်းလယ်ကစားသမား အူဂါတေးအား ခေါ်ယူထားရာ ကက်စီမီရိုအနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ရနိုင်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။ 

သို့သော် ကက်စီမီရိုသည် ၎င်းအပေါ် ဝေဖန်နေမှုများမှာ မှားယွင်းကြောင်း သက်သေပြလိုနေသလို၊ မန်ယူအသင်းတွင် ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် အသင့်ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent