နိုင်ငံတကာရက်သတ္တပတ်အပြီးတွင် ဘာစီလိုနာအသင်း ပိုမိုသန်မာလာမည်ဟု ၀ါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး ဆို

နိုင်ငံတကာရက်သတ္တပတ်အပြီးတွင် ဘာစီလိုနာအသင်း ပိုမိုသန်မာလာမည်ဟု ၀ါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး ဆို
Photo: CGTN
Photo: CGTN
Published 7 October 2024

ဘာစီလိုနာအသင်း၏ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက မိမိိတို့အသင်းအနေဖြင့် ယခုတစ်ပတ်အတွင်းယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာပွဲစဉ်များအပြီးတွင် ပိုမိုသန်မာလာမည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။

ဘာစီလိုနာအသင်းသည် နိုင်ငံတကာပွဲစဉ်များမတိုင်မီတွင် လာလီဂါအမှတ်ပေးဇယားအား အမှတ်ဖြတ်ဦးဆောင်ထားပြီး ရီးယဲလ်မက်ဒရစ်၏နောက် ချန်ပီယံဆုအတွက် ဒုတိယရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

ဘာစီလိုနာအသင်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး လီဝန်ဒေါစကီးက ''နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ဒဏ်ရာရကစားသမားတွေ ပြန်လည်သက်သာလာတော့မှာဖြစ်သလို၊ ကျွန်တော်တို့အသင်းအနေနဲ့ လက်ရှိထက် ပိုမိုသန်မာတဲ့အသင်းအဖြစ် ပြန်လာနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟုပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် လက်ရှိလာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာတွင်ရပ်နေသော်လည်း ဒဏ်ရာရကစားသမားများပြားနေပြီး စတီဂန်၊ အာရူဟို၊ အော်လ်မို၊ ဖာမင်လိုပက်ဇ်၊ ခရစ္စတန်ဆန်နှင့် ဘာနယ်လ်အစရှိသည့် အဓိက ကစားသမားများကို ဆုံးရှုံးထားရကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

Most Read

Most Recent