ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအနီးတွင် လယ်သမားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအနီးတွင် လယ်သမားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
Published 5 October 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအနီးအတွင်း ယမန်နေ့ အောက်တိုဘာလ  ရက်နေ့ မွန်းလွဲပိုင်းအချိန်က လယ်သမားတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသူမှာ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ကုန်သည်လမ်းနေ အသက် ၅၄ နှစ်အရွယ် ဦးဆန်းဦး ဆိုသူဖြစ်ကြောင်း၊ ၎င်းင်းမှာ အောက်တိုဘာလ ရက်နေ့၊ မွန်းလွဲ နာရီခန့်က ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာအနီးရှိ အောက်သောင်လယ်တဲမှ မြောက်ပိုင်းရပ်ကွက်ရှိ ၎င်းင်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကော့ထင်းကျေးရွာအနီး လမ်းတွင် အမည်မသိ သေနတ်သမားမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းင်းကဆက်လက်ပြီးကိုဆန်းဦးက ကျိုက္ကသာ - ဘိုရားကြီး - ကော့ထင်းလမ်းအတိုင်း ဆိုင်ကယ်မောင်းပြီး ပြန်လာတဲ့အချိန်မှာ ကော့ထင်းကျေးရွာအနီးမှာ  သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။ သူက ဟိုးအရင်ကတည်းက လယ်လုပ်နေတဲ့ လယ်သမားတစ်ဦးပါ။ သူက အေးအေးဆေးဆေးနေ တတ်သူတစ်ဦးလို့လည်း သိထားပါတယ်ပြောကြားသည်။

သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ဦးဆန်းဦး၏ ရုပ်အလောင်းအား လမ်းဘေးရေမြောင်းအတွင်း တွေ့ရှိခဲ့ရပြီး၊ ၎င်းတွင် ညာပါးဖောက်ဝင်ဒဏ်ရာ () ချက်၊ ဘယ်ဘက်ရင်အုံဖောက်ဝင်ဏ်ရာ () ချက်၊ ဘယ်ဘက်ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ () ချက်၊ ဘယ်ဘက်ဂျိုင်းအောက်ဖောက်ဝင်ဒဏ်ရာ () ချက်၊ ညာဘက်ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ () ချက်၊ ညာဘက်ပုခုံးဖောက်ဝင်ဒဏ်ရာ () ချက်ရရှိပြီး အခင်းဖြစ်ပွားရာနေရာ၌ပင်သေဆုံးခဲ့ရကြောင်း ၎င်းဒေသခံက ဆိုသည်။

ဦးဆန်းဦး အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသည်ကိုမသိရသေးကြောင်း နှင့် ၎င်းင်း၏ ရုပ်အလောင်းအား ဒေသခံလူမှုကူညီရေးအသင်းမှ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ () ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာရှိ အကျဉ်းဦးစီးဌာနပိုင် တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းထောင်တပ်ကြပ် မြင့်ဇော်ဝင် ဆိုသူမှလည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့်အတွက် ဒဏ်ရာရရှိခဲ့သေးသည်။

စက်တင်ဘာလအတွင်း ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင် သားအဖ နှစ် ဦးအပါအဝင် မွန်ပြည်နယ်၌ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တစ် ဦးသေဆုံးခဲ့ရသည်။

ဘိုဘိုမြင့်